The network connection is lost.

Banner Image

ဒေါ့မွန်က ဂျာမန်တိုက်စစ်မှူး ကာရင်အက်ဒီရီမီကို ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းနဲ့ ဂျာမန်တိုက်စစ်မှူး အက်ဒီရီမီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

ခရစ္စတီယန်ဖော့ခ်ရဲ့ အဆိုအရ ချဲလ်ဆီးအသင်းဟာ အက်ဒီရီမီကို လန်ဒန်သို့ခေါ်ယူနိုင်ဖို့ ကစားသမားနဲ့ ဆက်သွယ်နေပြီ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ လူငယ်ကြယ်ပွင့်အား ယူရိုသန်း ၃၀ (ပေါင် ၂၅.၄ သန်း/ဒေါ်လာ ၃၂.၄၆ သန်း) ဖြင့် ထွက်ခွာခွင့်ပြုရန် အဆင်သင့်ဖြစ်နေပုံရပြီး အဆိုပါကစားသမားကို ချဲလ်ဆီးအသင်းက ထပ်မံခေါ်ယူရန် တွန်းအားပေး လုပ်ဆောင်လျက်ရှိပါတယ်။

Caught Offside မှဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ အက်ဒီရီမီအား စတန်းဖို့ဒ်ဘရစ်ချ်တွင် ၂၀၃၀ သို့မဟုတ် ၂၀၃၁ ခုနှစ်အထိ ဆက်ရှိနေနိုင်ဖွယ်ရှိတဲ့ ကာလရှည်စာချုပ်တစ်ရပ်ဖြင့် ကမ်းလှမ်းနိုင်ပါတယ်။ ထို့အပြင် သူ့ရဲ့ခေါ်ယူမှု အလားအလာကြောင့် စတာလင်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးများ ထွက်ပေါ်လာပါတယ်။ ဆော်ဒီပရိုလိဂ်မှ စိတ်ဝင်စားမှုနှင့်အတူ စတာလင်ရဲ့အနေအထားက အက်ဒီရီမီသာ ရောက်လာပါက ပွဲထွက်ခွင့်အတွက် စိုးရိမ်စရာဖြစ်လာမှာပါ။

၂၀၂၂ ခုနှစ်တွင် ဆဲလ်ဘက်မှ ဒေါ့မွန်သို့ ပြောင်းရွေ့လာကတည်းက အက်ဒီရီမီရဲ့ သက်ရောက်မှုက သိသိသာသာဖြစ်ခဲ့ပါတယ်။ သူဟာ အထောင်တိုက်စစ်မှူးတစ်ဦးကနေ နေရာစုံမှာကစားတဲ့ပုံစံသို့ ကူးပြောင်းသွားခဲ့ပြီး ၆၆ ပွဲတွင် ၁၄ ဂိုးသွင်းယူထားတာကြောင့် ဂိုးအရေအတွက်က အနည်းငယ်ကျဆင်းသွားတာကို မြင်တွေ့ခဲ့ရပါတယ်။ မည်သို့ပင်ဆိုစေကာမူ အက်ဒီရီမီဟာ ချယ်လ်ဆီးရဲ့ တိုက်စစ်ရွေးချယ်မှုများတွင် သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုကို ပေးစွမ်းနိုင်မှာပါ။ သူ့ရဲ့ အရှိန်အဟုန်၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုနဲ့ ရှေ့တန်းတလျှောက် နေရာတော်တော်များများမှာ ကစားနိုင်မှုက သူ့ကို ဆွဲဆောင်မှုရှိစေတဲ့ အလားအလာ ဖြစ်စေပါတယ်။

ဂျူဗင်တပ်စ်နှင့် အေစီမီလန်အပါအဝင် အခြားသောကလပ်အသင်းအများအပြားက အက်ဒီရီမီကို စိတ်ဝင်စားနေကြတာကြောင့် ချဲလ်ဆီးအသင်းဟာ ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်ဖြင့် ကြိုးပမ်းနေကြောင်း Sky Germany က ဖော်ပြခဲ့ပါတယ်။ အန်းစလော့ကလည်း အဆိုပါအခြေအနေကို စောင့်ကြည့်နေပြီး ဂျာမန်ကစားသမားကို ခေါ်ယူရန်အတွက် ကမ်းလှမ်းမှုပြုလုပ်ရန် လီဗာပူးထံ တောင်းဆိုနိုင်ပါတယ်။