
ပြင်သစ်သားကိုရောင်းချဖို့ ဆွေးနွေးနေတဲ့ ချဲလ်ဆီး
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်း နဲ့ ချဲလ်ဆီးအသင်းတို့ဟာ တိုက်စစ်မှူး အန်ကူကူကို ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဘိုင်ယန်ဟာ ချဲလ်ဆီးတာဝန်ရှိသူတွေနဲ့ တရားဝင်ဆွေးနွေးနေတယ်လို့ သတင်းထောက် ပလက်တန်ဘာ့ဂျ်က ဆိုပါတယ်။ ၂ သင်းကြား တိုက်ရိုက်ဆွေးနွေးနေပြီး ကစားသမားကလည်း ဂျာမန်ကလပ်ထံပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ကစားသမား နဲ့ ဘိုင်ယန်တို့ကြား ဇန်နဝါရီကတည်းက သဘောတူညီမှုရရှိထားပြီးဖြစ်ကာ ချဲလ်ဆီးဘက်က အပြီးသတ်ရောင်းချချင်နေပေမယ့် ဘိုင်ယန်က အငှားနဲ့ခေါ်ယူချင်နေပါတယ်။
လက်ရှိဆွေးနွေးမှုတွေပြုလုပ်နေပေမယ့်လည်း ၂ သင်းကြားသဘောတူညီမှုမရသေးတာဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ပြင်သစ်သားဟာ ချဲလ်ဆီးအသင်းရဲ့ရေရှည်အနာဂတ်အစီအစဉ်ထဲမှာ မပါဝင်တော့တာဖြစ်ပါတယ်။ ချဲလ်ဆီးတိုက်စစ်မှာ ဂစ်တန် ၊ ဒီလပ် ၊ ပက်ဒရို နဲ့ ဝီလီယံတို့ရှိနေတာကြောင့် ပွဲထွက်ခွင့်က နည်းပါးလာဖွယ်ရှိနေပါတယ်။ ဘိုင်ယန်ကလည်း ကိုးလ်မန်းမရှိတော့တာကြောင့် တိုက်စစ်ပိုင်းကို ထပ်မံအားဖြည့်ချင်နေပြီး အန်ကူကူကို အရခေါ်ယူချင်နေပါတယ်။
၂၀၂၃ တုန်းက အန်ကူကူဟာ လိုက်ပ်ဇစ်ထံကနေ ချဲလ်ဆီးထံ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၄၂ ပွဲမှာ ၁၄ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ အန်ကူကူရဲ့လက်ရှိအေးဂျင့်ဟာ ဘိုင်ယန်အသင်းစတား ဂျိုနသန်ရဲ့အေးဂျင့်ဖြစ်ပြီး လိုက်ပ်ဇစ်ထံပြောင်းရွှေ့ဖို့တော့ မရှိသေးတာဖြစ်ပါတယ်။