The network connection is lost.

Banner Image

သိပ်မကြာခင်မှာ အသင်းသစ်ကိုရွေးချယ်မယ့် ဘရိုက်တန်စတား

သတင်းတွေအရ ဘရိုက်တန်စတား ပက်ဒရိုတစ်ယောက် မကြာခင်မှာအသင်းသစ်ကို ရွေးချယ်မယ်လို့ သိရပါတယ်။ ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ တန်ကြေးသတ်မှတ်ထားပြီး ချဲလ်ဆီးဘက်က ဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ ဂစ်တန်ကိုချိတ်ဆက်ခဲ့ပြီးနောက် ဘရာဇီးသားဟာ ချဲလ်ဆီးရဲ့ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ သတင်းတွေအရ ပက်ဒရိုဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ 

အခုနွေရာသီအစောပိုင်းတုန်းက နယူးကာဆယ်အသင်းဘက်က ၂ ကြိမ်ချဉ်းကပ်ခဲ့ပေမယ့် ဘရိုတန်ဘက်က ပယ်ချခဲ့ပါတယ်။ ချဲလ်ဆီးဘက်က ပေါင် ၅၈ သန်းနဲ့ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ဘရိုက်တန်ဘက်က ပေါင်သန်း ၆၀ လောက်အထိ အလိုရှိနေပါတယ်။ ချဲလ်ဆီးဘက်က လက်ရှိမှာ ပက်ဒရိုကိုခေါ်ယူနိုင်ရေး အာရုံစိုက်လုပ်ဆောင်နေတယ်လို့ အပြောင်းအရွှေ့အကျော်အမော် ရိုမာနိုက ဆိုပါတယ်။

ချဲလ်ဆီးဟာ ဂစ်တန်ကိုခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပြီးနောက် ပက်ဒရိုဘက်ကို မြှားဦးလှည့်လာခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ဘက်ကလည်း ပက်ဒရိုနေရာအတွက် အစားထိုးဖို့ ပြင်ဆင်နေပါတယ်။ ပက်ဒရိုဟာ ၂၀၂၃ တုန်းက ဝက်ဖို့ဒ်အသင်းထံကနေ ဘရိုက်တန်အသင်းထံပြောင်းလာခဲတ့ာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း ၇၀ မှာ ၃၉ ဂိုးသွင်းယူထားနိုင်ခဲ့သလို စွယ်စုံရကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဘရာဇီးသားဟာ ၂၀၂၄ - ၂၅ ရာသီမှာပြိုင်ပွဲစုံ ၂၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး အဲ့ထဲမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးလည်း ပါဝင်နေပါတယ်။ ချဲလ်ဆီးအသင်းဘက်က ဘရိုက်တန်နဲ့သဘောတူညီမှုရဖို့ ဦးတည်လုပ်ဆောင်နေပြီး နယူးကာဆယ်အနေနဲ့ စိတ်ဝင်စားယုံသာရှိနေသလို ဘရိုက်တန်တောင်းဆိုတဲ့ပေါင်သန်း ၆၀ တန်ကြေးကို ပေးချေလိုခြင်းမရှိတာဖြစ်ပါတယ်။