The network connection is lost.

Banner Image

အနိမ့်ဆုံးအဆင့်အထိ ရီးရဲလ်မက်ဒရစ် ရောက်ရှိသွားတယ်လို့ ဖွင့်ဟလာတဲ့ ကာဗာဂျယ်လ်

ရီးရဲလ်မက်ဒရစ်ကပ္ပတိန်ဒါနီကာဗာဂျယ်လ်က အယ်လ်ဘာစီတီကိုရှုံးနိမ့်ခဲ့တဲ့ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်မှာ သူတို့အသင်းရဲ့စံနှုန်းတွေ နိမ့်ကျသွားခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ နည်းပြအာရီယိုလာရဲ့ပွဲဦးထွက်အဖြစ် အယ်လ်ဘာစီတီကို အဝေးကွင်းမှာရင်ဆိုင်ခဲ့တဲ့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်က ဘီတန်ကောရဲ့နာကျင်အချိန်ပိုသွင်းဂိုးဖြင့် ၃-၂ ဂိုးဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်အပြီး ကာဗာဂျယ်လ်က “ ဒီနေ့မှာ ကျွန်တော်တို့အသင်းစွမ်းဆောင်ရည်ပိုင်းက အနိမ့်ဆုံးအဆင့်ဆီ ရောက်ရှိနေခဲ့ပါတယ်။ ဆီဂန်ဒါပြိုင်ပွဲဝင်ကလပ်အသင်းတစ်ခုကို ရှုံးနိမ့်ပြီး ကျွန်တော်တို့ ထွက်ခွာလာရပါပြီ။ ဒါကြောင့် သူတို့ကို ဂုဏ်ပြုပါတယ်။ မနက်ဖြန်မှစတင်ပြီး ကျွန်တော်တို့တွေ တစ်ဦးချင်းရော၊ အသင်းအဖွဲ့လိုက်ပါ ကိုယ့်ကိုယ်ကိုယ်ဝေဖန်ဆန်းစစ်သွားရပါမယ်။

အခုဘောလုံးရာသီကိုအလှည့်အပြောင်းပြုလုပ်နိုင်ဖို့ ကျွန်တော်တို့မှာ အချိန်ရှိပါသေးတယ်။ ကျွန်တော်တို့ယှဉ်ပြိုင်ရမယ့် အံ့ဖွယ်ပြိုင်ပွဲနှစ်ခု ကျန်ရှိနေပါသေးတယ်။ လတ်တလောမှာ အသင်းက အကောင်းဆုံးပုံစံရှိမနေလို့ အပြင်းအထန်ကြိုးစားအားထုတ်ရပါမယ်။ ကျွန်တော်တို့အားလုံး အခုထက်ပိုပြီး အများကြီးပေးဆပ်ရမယ်ဆိုတာ အရှိတရားပါ။

ဒါက ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားအားထုတ်ရမယ်လို့ အဓိပ္ပါယ်ရတဲ့သတင်းစကားပါ။ ပရိသတ်တွေကိုလည်း တောင်းပန်ချင်ပါတယ်။ ကျွန်တော်အပါအဝင် အားလုံးက ဒီကလပ်အသင်းရဲ့မျှော်လင့်ချက်နဲ့ အဆင့်အတန်းမျိုးမှာ မရှိနေခဲ့ပါဘူး။ အခုအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ လာမယ့်ပွဲစဉ်တွေမှစပြီး ကျွန်တော်တို့အားလုံး အစွမ်းကုန်ကြိုးစားအားထုတ်သွားမယ်လို့ ကတိပြုပါတယ်”လို့ ပြောပါတယ်။