The network connection is lost.

Banner Image

ဒီနွေရာသီမှာ အသင်းမှ ကာဗာဂျယ် ထွက်ခွာသွားလိမ့်မယ်လို့ ရီးရဲလ်မက်ဒရစ်ကြေညာ

ရီးရဲလ်မက်ဒရစ်အသင်းက အခုသီတင်းပတ်ကုန်ပိုင်းမှာ ကာဗာဂျယ်အတွက် ဂုဏ်ပြုပွဲတစ်ခုပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ကာဗာဂျယ်က စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲ ၄၅၀ ပါဝင်ကစားပေးခဲ့ပြီး ၁၄ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆၅ ကြိမ်အထိ ပြုလုပ်ပေးခဲ့သလို အသင်းမှာကစားခဲ့တဲ့ကာလတစ်လျှောက် ဆုဖလားမျိုးစုံကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ကစားသမားက ရီးရဲလ်မက်ဒရစ်မှာ ၁၃ နှစ်ကြာဖြတ်သန်းခဲ့ပြီး အဓိကဆုဖလား ၂၇ လုံးအထိ ဆွတ်ခူးနိုင်ခဲ့သလို အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကစားသမားတွေနက် တစ်ဦးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

အခုတော့ မက်ဒရစ်အသင်းက အသင်းမှ ကာဗာဂျယ်ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းကို စိတ်မကောင်းစရာ နှုတ်ဆက်စကားနဲ့အတူ ကြေညာလိုက်ပါတယ်။

"ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အသင်းကပ္ပတိန်ဒါနီကာဗာဂျယ်တို့က ဒါနီကာဗာဟယ်လ်တို့က အခုဘောလုံးရာသီကုန်ဆုံးချိန်ကျရင် အံ့အားသင့်စရာကောင်းတဲ့ အခန်းကဏ္ဍတစ်ခုကို အဆုံးသတ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဘက်ကလည်း အသင်းရဲ့ဂန္ထဝင်တစ်ဦးဖြစ်သလို ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ဦးလည်းဖြစ်တဲ့ ကာဗာဂျယ်နဲ့ပတ်သက်လို့ ကျေးဇူးတင်ရှိမှုနဲ့ ချစ်ခင်မြတ်နိုးမှုကို ဖော်ပြလိုပါတယ်။ ကာဗာဂျယ်နဲ့ သူ့ရဲ့မိသားစုဝင်တွေအတွက်လည်း ဘဝရဲ့အခန်းကဏ္ဍသစ်မှာ အကောင်းဆုံးဖြစ်လာပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။ လာလီဂါရာသီပိတ်ပွဲစဉ်ကစားမယ့် ဒီစနေနေ့မှာ ဆန်တီယာဂိုဘာနေဗျူးကွင်းကြီးအတွင်း သူ့အတွက် ဂုဏ်ပြုအခမ်းအနားတစ်ခု ကျင်းပသွားပါမယ်" လို့ ဖော်ပြထားပါတယ်။

အသင်းဥက္ကဋ္ဌဖလော်ရန်တီနိုပီရက်ဇ်ကလည်း အသင်းနဲ့ အကောင်းဆုံးလမ်းခွဲခဲ့တဲ့ နောက်ခံလူအတွက် သတင်းစကား ပါးခဲ့ပါတယ်။ "ဒါနီကာဗာဂျယ်က ရီးရဲလ်မက်ဒရစ်နဲ့ ကျွန်တော်တို့အကယ်ဒမီရဲ့ ဂန္ထဝင်တစ်ဦး၊ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အမြဲသတိရနေမယ့် ဒီစတီဖာနိုနဲ့အတူ သူက 'စီယူးဒက် ရီးရဲလ်မက်ဒရစ်' လေ့ကျင့်ရေးကွင်းရဲ့ ပထမဆုံးအုတ်မြစ်ကိုချပေးခဲ့တယ်ဆိုတဲ့ ပုံရိပ်ဆိုတာ မက်ဒရစ်ပရိသတ်တွေရဲ့ နှလုံးသားထဲမှာရော အသင်းရဲ့ သမိုင်းမှာပါ ထာဝရ ကျန်ရှိနေပါလိမ့်မယ်။ ကာဗာဂျယ်က ရီးရဲလ်မက်ဒရစ်ရဲ့စံတန်ဖိုးတွေအတွက် အမြဲတမ်းစံနမူနာပြကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါက သူ့ရဲ့အိမ်ဖြစ်ပြီး အနာဂတ်မှာလည်း အခုအတိုင်းပဲ ဆက်ရှိနေပါလိမ့်မယ်" လို့ ဆိုပါတယ်။

ကာဗာဂျယ်က စပိန်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခြင်း မရှိလို့ အခုသီတင်းပတ်ကုန်၊ စိတ်လှုပ်ရှားစရာနှုတ်ဆက်ပွဲမတို်ငခင် သူ့ရဲ့အနာဂတ်အတွက် ချက်ချင်းအာရုံစိုက်သွားနိုင်ပါတယ်။