The network connection is lost.

Banner Image

ဂွါဒီယိုလာရဲ့ မန်စီးတီးက အခြေအနေနဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီဟာဆိုရင် ဘောလုံးလောကရဲ့ အနိမ့်အမြင့် အတက်အကျတွေနဲ့ စိမ်းနေသူတစ်ဦးမဟုတ်သလို သူ့ရဲ့ပြိုင်ဘက်နည်းပြတစ်ဦးဖြစ်တဲ့ ဂွါဒီယိုလာဟာဆိုရင်လည်း အဆိုပါကာလကို ဖြတ်ကျော်နေရပြီဖြစ်ပါတယ်။ အီတလီနိုင်ငံသားနည်းပြက စပိန်သားနှင့်ပတ်သက်ပြီး ပြောကြားလိုက်တာပါ။

အားလုံးက သူနဲ့ပတ်သက်ပြီး အရမ်းကို အလျင်လိုနေကြပါတယ်၊ အချို့ကဆိုရင် ပုဂ္ဂိုလ်ရေးအရပါ ဝေဖန်နေကြပါတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကနည်းပြရာထူးကတည်းက အဲ့ဒီလိုပဲလားလို့ မေးမြန်းခြင်းကိုပါ ခံခဲ့ရပါတယ်။

"အားလုံးက ဖိအားတွေရှိနေပြီး ပြဿနာကိုယ်စီရှိနေတာက ပုံမှန်ပါပဲ။ ရီးရဲလ်မက်ဒရစ်မှာလည်း ကျန်အသင်းတွေလို ဖိအားတွေရှိတာပေါ့" လို့ အန်ဆယ်လော့တီက သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ရလဒ်ဆိုးရွားနေတဲ့ နည်းပြဂွါဒီယိုလာနှင့်ပတ်သက်ပြီး အန်ဆယ်လော့တီက မေးမြန်းခြင်းခံခဲ့ရပါတယ်။

"ကျွန်တော်က သူ့ကိုအကြံဉာဏ်ပေးမှာမဟုတ်ပါဘူး။ ရလဒ်တွေ ဘယ်လိုပဲထွက်ထွက် သူနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့အမြင်ကတော့ ပြောင်းလဲမှာမဟုတ်ပါဘူး။ သူက ဆန်းသစ်တီထွင်သူတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့က အရာများစွာကို ထိန်းချုပ်လို့ရပေမယ့် ပွဲရဲ့ရလဒ်ကိုတော့ မရပါဘူး။ သူ့ဟာဆိုရင် ပြီးခဲ့နှစ်တွေမှာ ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်" လို့ ပြောပါတယ်။

မီဒီယာတွေက သူ့အပေါ် ရက်စက်လွန်းရာကျသလို့လဲ မေးမြန်းပြန်ပါတယ်။
အဲ့ဒီအခါ အန်ဆယ်လော့တီက "ကျွန်တော်တို့က အရာအားလုံးအတွက် ကြိုးစားတိုက်ပွဲဝင်နေရမှာပါ။ ဒါက ကျွန်တော်သိထားတဲ့အရာပါ။ တိုးတက်မှုတွေကလည်း ရှိလာတာကို အားလုံးတွေ့ရမှာပါ။ အယ်လ်လာဘာ၊ ကာမာဗင်ဂါတို့ကလည်း ပြန်ကောင်းလုနီးပါးဖြစ်နေပါပြီ။ ဒဏ်ရာတွေကြောင့် အခက်ခဲတွေရှိနေပမယ့် ကျွန်တော်တို့က အားလုံးကို ရင်ဆိုင်သွားမှာပါ"

"ဘယ်လို အကောင်းဆုံးလုပ်နိုင်သလဲဆိုတာကို စမ်းစစ်လေ့လာသွားမှာပါ။ သူတို့ ၂ ဦး ပြန်ကစားဖို့အတွက် ကျွန်တော်တို့က စိတ်လှုပ်ရှားနေပါပြီ" လို့ အန်ဆယ်လော့တီက ပြောပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ရဲ့ playoff ကို ကန်ရဖွယ်ရှိနေပြီး မန်စီးတီးကလည်း နောက်တဆင့်သို့တက်ရောက်နိုင်ဖို့ playoff ကစားရဖို့ရှိနေတာကြောင့် သူတို့ ၂ သင်းဟာ ဖေဖော်ဝါရီလအတွင်း ထိပ်တိုက်တွေ့ဆုံနိုင်တာဖြစ်ပါတယ်။ 

စနေနေ့မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ရေရိုဗယ်လိုကာနိုနှင့် ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲအတွက် ကာမာဗင်ကာက ကြံ့ခိုင်မှုပြည့်နိုင်ပမေယ့် အမ်ဘာပေတော့ တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်နိုင်ပါတယ်။