The network connection is lost.

Banner Image

၀က်စ်ဟမ်းနဲ့ပွဲက ပထမပင်နယ်တီကို အိုဒီဂတ်အား ဘာကြောင့်ကန်ခွင့်ပေးခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ဆာကာ

ဘူကာယိုဆာကာက မနေ့ည ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ရတဲ့ပွဲစဉ်မှာ ပထမပင်နယ်တီကို အသင်းခေါင်းဆောင် အိုဒီဂတ်အားဘာကြောင့်ကန်ခွင့်ပေးခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ မာဂယ်ဟေးစ်၊ ထရိုဆက်တို့ရဲ့ဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီးနောက် ဆာကာကို ပါကွီတာက ဧရိယာထဲ ကစားပုံကြမ်းတာကြောင့် ဂန်းနားတို့ ပင်နယ်တီကန်ခွင့်ရခဲ့ပါတယ်။

အဆိုပါ ပင်နယ်တီကို ဆာကာက အိုဒီဂတ်ထံ လွှဲပြောင်းပေးခဲ့ပြီး အသင်းခေါင်းဆောင်ကလည်း ဂိုးဝင်အောင်သွင်းသွားနိုင်ခဲ့ပါတယ်။ဆာကာက "အဲ့ဒီဆုံးဖြတ်ချက်က ကောင်းပါတယ်။ မာတင်က ထိပ်တန်းကစားသမားတစ်ဦးဖြစ်သလို ဒဏ်ရာကနေ ပြန်သက်သာလာကတည်းက အကောင်းဆုံးလုပ်ပြနေပါတယ်။ သူ ဒီနေ့ ဂိုးသွင်းချင်တာကြောင့် ပင်နယ်တီကန်ချင်ခဲ့ပါတယ်။

 သူက ကျွန်တော့်ကို အမြဲပေးကန်တာကြောင့် ကျွန်တော်လည်း သူ့ကို ပျော်ပျော်ကြီး ပေးကန်ခဲ့ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာကြောင့်ဒီအတိုင်းဆက်သွားရပါမယ်။"လို့ ပြောခဲ့ပါတယ်။အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် အိုဒီဂတ် ပြန်လည်ပါဝင်လာခြင်းနဲ့အတူ နောက်ဆုံးသုံးပွဲမှာ ၁၃ဂိုးအထိ သွင်းယူပြီး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာခဲ့ပါတယ်။ဂန်းနားတွေဟာ လာမယ့်ဗုဒ္ဓဟူးညမှာတော့ ယူနိုက်တက်အသင်းနဲ့ ပွဲကြီးပွဲကောင်းပွဲစဉ် ဆက်ကစားရမှာ ဖြစ်ပါတယ်။