တတိယတန်းလိဂ်ကို တန်းဆင်းခဲ့ရပြီးနောက် ကစားသမားတွေကို စာချုပ်ဖျက်သိမ်းမယ့် ဘော်ဒိုး
ဘော်ဒိုးအသင်းဟာ တတိယတန်းလိဂ်ကိုတန်းဆင်းခဲ့ရပြီးနောက် ကစားသမားတွေကို စာချုပ်ဖျက်သိမ်းဖို့ ပြင်ဆင်နေသလို ပရောက်ဖက်ရှင်နယ်အသင်းအဖြစ်ကနေလည်း လက်လျော့လိုက်ပါတယ်။
လီဂူးဝမ်းချန်ပီယံ ၆ ကြိမ်ချန်ပီယံဖြစ်ခဲ့တဲ့ ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေက ဘဏ္ဍာရေးပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရမှုတွေကို လီဗာပူးအသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ရဲ့အကူအညီအပေါ် မီခိုခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အုပ်စုလိုက်နုတ်ထွက်ခဲ့ပြီးနောက် အသင်းတာဝန်ရှိသူတွေဟာ တတိယတန်းလိဂ်ကို တန်းဆင်းခဲ့တာကို လက်ခံခဲ့ပါတယ်။
အခုအပတ်အစောပိုင်း ဘော်ဒိုးအသင်းရဲ့ကြေညာချက်မှာ “ပြီးခဲ့တဲ့ရက်တွေတုန်းက ဆွေးနွေးမှုအတွင်း FSG တာဝန်ရှိသူတွေဟာ ဇူလိုင် ၂၂ ရက်နေ့ကတည်းက ဆက်လက်မထောက်ပံ့တော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ်လိုအပ်တာတွေက ထောက်ပံ့မှာမဟုတ်တော့ပါဘူး။ ဘော်ဒိုးအသင်းက အယူခံဝင်ဖို့ဆုံးဖြတ်ချက်ကနေ နုတ်ထွက်ခဲ့ရပါတယ်။ အဆိုပါရလဒ်အရ ဘော်ဒိုးအသင်းဟာ လာမယ့်ရာသီသစ်မှာ တတိယတန်းလိဂ်မှာ ကန်ရတော့မှာဖြစ်ပါတယ်”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဘော်ဒိုးအသင်းရဲ့ပြိုလဲမှုကိုကြည့်ရတာ ခက်ခဲလွန်းတာဖြစ်ပြီး လီဂူးဝမ်းချန်ပီယံဆုကို ၆ ကြိမ်အထိ ရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နှစ်ပေါင်း ၁၃ နှစ်တာကာလအတွင်း အသင်းသမိုင်းတစ်လျှောက် အမှတ်အနည်းဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ပိတ်ဆို့ခံရမှုရဲ့အကျိုးဆက်ကနေ ကစားသမားတိုင်းရဲ့စာချုပ်အနေအထားကို ဖျက်သိမ်းရဖို့များနေသလို ဘဏ္ဍာရေးပိုင်းဆိုင်ရာကုန်ကျမှုကိုလျော့ချဖို့ လေ့ကျင့်ရေးစင်တာကို ပိတ်ပင်ရတော့မှာဖြစ်ပါတယ်။
၂၀၂၁ ကတည်းက ရုန်းကန်ရမှုဟာ ၃ နှစ်တာအတွင်း ပြီးဆုံးဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။