The network connection is lost.

Banner Image

ဇီကာဇီ အပြောင်းအရွှေ့အတွက် ယူနိုက်တက်ထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဘိုလော့ဂ်နာ

ဘိုလော့ဂ်နာအသင်းကတော့ ယူနိုက်တက်ပစ်မှတ် ဇီကာဇီတစ်ယောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ဖြစ်နေပြီလို့ အတည်ပြုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဟွိုက်လန်းနေရာအတွက် နောက်ထပ်တိုက်စစ်မှူးအသစ်တစ်ဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဇီကာဇီဟာ ယူနိုက်တက်ပစ်မှတ်ထဲမှာ ဂျိုနသန်ဒေးဗစ်နဲ့အတူ ပါဝင်နေတာဖြစ်ပြီး အေစီမီလန်ကလည်း ဘိုလော့ဂ်နာစတားကို ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့် အပြောင်းအရွှေ့ ဘိုလော့ဂ်နာစတားရဲ့အေးဂျင့်ကိုင်တစ်ယောက် ဝန်ဆောင်ခယူရို ၁၅ သန်း တောင်းဆိုနေတာကြောင့် ကြန့်ကြာနေတာဖြစ်ပါတယ်။

ဇီကာဇီကလည်း ယူနိုက်တက်ထံပြောင်းဖို့ လမ်းဖွင့်ထားပြီး စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၃ သန်းရှိနေတာဖြစ်ပါတယ်။ ဘိုလော့ဂ်နာအားကစားဒါရိုက်တာ ဆာတိုရီကတော့ အသက် ၂၃ နှစ်သားနေရာအတွက် အစားထိုးမယ့်ကစားသမား ရှာဖွေနေပြီလို့ ပြောကြားခဲ့ပါတယ်။

“ဇီကာဇီက စာချုပ်ဖျက်သိမ်းကြေးရှိနေပြီး သူအသင်းကနေထွက်ခွာဖို့ သေချာသလောက်ရှိနေပါတယ်။ သူ့နေရာမှာအစားထိုးမယ့် ကစားသမားရှာဖွေနေပါပြီ။ သူ့နေရာကိုအစားထိုးဖို့ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ ပစ်မှတ်အချို့လုပ်ထားသလို စိတ်ကူးထားတာတွေလည်းရှိပါတယ်”လို့ ဆာတိုရီက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ အခြားတစ်ဖက်မှာ ဘိုင်ယန်နောက်ခံလူ ဒီလစ်ဂျ်ကိုလည်း ခေါ်ယူဖို့လုပ်ဆောင်နေပါတယ်။ နယ်သာလန်သားဟာ ယူနိုက်တက်အသင်းကို ပြောင်းချင်နေပြီး သတင်းတွေအရ တန်ဟက်ဟာ ကစားသမားနဲ့ တိုက်ရိုက်ပြောဆိုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဘိုင်ယန်ဘက်က ဒီလစ်ဂျ်အတွက် ပေါင် ၄၂ သန်းလောက်အထိ တောင်းဆိုနေကာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၆ ပွဲ ပွဲထွက်ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။