The network connection is lost.

Banner Image

အံ့အားသင့်ဖွယ်ဆုံးဖြတ်ချက်ချခဲ့တဲ့ မန်စီးတီး နဲ့ ရီးရဲလ်ပစ်မှတ် လေဗာကူဆင်စတား

မန်စီးတီး နဲ့ ရီးရဲလ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လေဗာကူဆင်စတား ဝီရက်ဇ်တစ်ယောက် အသင်းနဲ့ ၂၀၂၇ အထိ စာချုပ်သက်တမ်းတိုးနိုင်တော့မှာဖြစ်ပြီး နောက်တစ်ရာသီ ဘွန်ဒက်စ်လီဂါမြေမှာ ဆက်နေဖို့ ပြင်ဆင်နေပါတယ်။သတင်းတွေအရ အဆိုပါသက်တမ်းတိုးမယ့်သတင်းဟာ ရီးရဲလ် နဲ့ စီးတီးအတွက် သတင်းဆိုးဖြစ်လာတယ်လို့ ဆိုပါတယ်။

ဝီရက်ဇ်ဟာ နွေရာသီတစ်လျှောက်လုံးမှာ ရီးရဲလ် ၊ ဘိုင်ယန် ၊ စီးတီးတို့ရဲ့ပစ်မှတ်ဖြစ်ခဲ့သလို သတင်းလည်းကြီးခဲ့တာဖြစ်ပါတယ်။ ဒီရာသီမှာလည်း လေဗာကူဆင်စတားဟာ အသင်းနဲ့အတူခြေစွမ်းကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၁၁ ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၃ - ၂၄ ရာသီတုန်းက လေဗာကူဆင်ဟာ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ယူရိုပါလိဂ်ဖိုင်နယ်မှာ အတ္တလန္တာကိုအရေးနိမ့်ခဲ့တာကြောင့် လက်လွှတ်ခဲ့ရပါတယ်။

လေဗာကူဆင်ဟာ လက်ရှိမှာကစားသမားနဲ့ စာချုပ်သက်တမ်းမတိုးရသေးတာဖြစ်ပါတယ်။ “လေဗာကူဆင်မှာ ယုံကြည်မှုအပြည့်ရှိပါတယ်။ ပြီးတော့ ဖလော်ရီယန်နဲ့လည်း ကောင်းမွန်တဲ့ဆက်ဆံရေးအနေအထားရှိပါတယ်။ စာချုပ်အတွက် အတွင်းပိုင်းမှာ ဆွေးနွေးနေပါတယ်။

တကယ်လို့ အခြေအနေပြောင်းလဲတာရှိခဲ့ရင် ဝီရက်ဇ်နဲ့မိသားစုဝင်တွေနဲ့ ချိတ်ဆက်မှာပါ။ ကျွန်တော်တို့ကြားလက်ရှိတော့ ဘာမှမထူးခြားသေးပါဘူး”လို့ လေဗာကူဆင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက လေဗာကူဆင်အမှုဆောင် ကာရို နဲ့ အားကစားဒါရိုက်တာတို့ဟာ ဝီရက်ဇ်ကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်ခဲ့ပါတယ်။

အခုချိန်မှာလည်း ကစ်ကာသတင်းဌာနက လေဗာကူဆင် နဲ့ ဝီရက်ဇ်တို့ကြား သဘောတူညီမှုရရှိပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကိုလုံးစတား စာချုပ်သစ်ကြောင့် လုပ်ခလစာ ၂ ဆနီးပါးရရှိသွားမှာဖြစ်ပြီး အသင်းရဲ့လုပ်ခလစာအများဆုံးကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။

ဝီရက်ဇ်ရဲ့အနာဂတ်က ဖြေရှင်းပြီးဖြစ်တာကြောင့် လေဗာကူဆင်ဟာ လာမယ့်စနေနေ့မှာ ဖရိုင်းဘတ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ကာ လက်ရှိအမှတ်ပေးဇယားမှာတော့ ဘိုင်ယန်အသင်းရဲ့နောက် ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။