The network connection is lost.

Banner Image

သူ့အနေနဲ့ မနက်ဖြန်မှာ ပြောင်းလိုတဲ့ အသင်းရဲ့နာမည်ကို ပြောကြားလိုက်တဲ့ ဂါဘရီရယ်မာဂယ်လ်ဟေးစ်

ဂါဘရီရယ်ဟာ ၂၀၂၀ ခုနှစ်တွင် လိုင်လီမှ ပေါင် ၂၇ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် အာဆင်နယ်ရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ၂ ပွဲမှလွဲ၍ ကျန်ပွဲအားလုံးတွင် ဂန်းနားတို့အတွက် ပါဝင်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဆာလီဘာနှင့်အတူ ကောင်းမွန်တဲ့ ဗဟိုခံစစ်ပူးပေါင်းမှုတစ်ရပ်ကိုဖန်တီးထားပြီး ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အား ၂၉ ဂိုးသာ ပေးဂိုးရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ချန်ပီယံမန်စီးတီးထက် ၅ ဂိုး လျော့နည်းခဲ့ပါတယ်။

ဂါဘရီရယ်ဟာ ရာသီအစောပိုင်းတွင် အာဆင်နယ်အတွက် ပွဲပေါင်း ၁၅၀ ပြည့်မြောက်ခဲ့ပြီး ကိုရင်သီယန်တွင် ကစားလိုတယ်လို့ ဝန်ခံခဲ့သော်လည်း လက်ရှိကလပ်တွင်သာ နောက်ထပ်နှစ်များစွာ ရှိနေပုံပေါ်နေပါတယ်။ သူ့ကို ကိုရင်သီဟန်ရဲ့ ပွဲများတွင် ပုံမှန်တွေ့ဖူးပြီး လွန်ခဲ့တဲ့လက ဆော်ပိုလိုတွင် ကစားခဲ့တဲ့ ပွဲတစ်ပွဲသို့ သွားရောက်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

"ကိုရင်သီယန်ကို ကျွန်တော်မွေးကတည်းက အားပေးခဲ့တာပါ" လို့ ဘရာဇီးကလပ်ကို သဘောကျတဲ့အကြောင်း ဆွေးနွေးတဲ့အခါ ဂါဘရီရယ်က ပြောပါတယ်။ "ဒီနေ့တော့ မတူဘူးလို့ ထင်ပါတယ်" "ကျွန်တော် ရထားနဲ့ ကိုရင်သီဟန်ရဲ့ပွဲကို သွားကြည့်နေတုန်းပါ။ ဒါဟာ ကျွန်တော့်အိပ်မက်ပါ ကျွန်တော် ကိုရင်သီဟန်အတွက် ကစားချင်ပါတယ် ဒီလိုလုပ်မယ်လို့လည်း ခံစားမိနေတုန်းပါ" လို့ သူက ပြောပါတယ်။

ကိုရင်သီယန်မှာ ကစားဖို့ ရှိလားလို့ မေးတော့ ဂါဘရီရယ်က "ဒါက စဉ်းစားစရာတစ်ခုပဲ" "တခါတရံ ကိုရင်သီဟန်အသင်းမှာ ကစားဖို့က မင်းအိပ်မက်မက်လားလို့ တွေးဖူးပါတယ်။ တကယ် ပြောတာပါ။ သူတို့အတွက် ဘယ်အချိန်မှာ ကစားမှာလဲဆိုရင် ကျွန်တော့်အတွက်တော့ မနက်ဖြန် ကစားပေးချင်ပါတယ်" "မယုံနိုင်လောက်အောင်ကောင်းတဲ့ ပရိသတ်တွေရဲ့ ခွန်အားတွေကို တတ်နိုင်သမျှ အမြန်ဆုံး ခံစားချင်တာကြောင့် အရမ်းမကြာတော့ဘူးလို့ မျှော်လင့်ပါတယ်" လို့ ဖြေပါတယ်။

ဂါဘရီရယ်ဟာ အာဆင်နယ်နှင့် ၂၀၂၇ ခုနှစ် နွေရာသီအထိ စာချုပ် ချုပ်ဆိုထားပြီး ဒုတိယနေရာမှ ပြီးဆုံးပြီးနောက် လာမယ့်ရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ရန် ကူညီသွားမှာဖြစ်ပါတယ်။ နည်းပြ အာတီတာကလည်း နှစ်ပေါင်း ၂၀ ကျော်အတွင်း အာဆင်နယ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ ဦးဆောင်ရန် စိတ်ပိုင်းဖြတ်ထားပြီး စိတ်ပျက်ဖို့ကောင်းတဲ့ ၂ ရာသီကို ဖြတ်ကျော်ခဲ့ရပြီးနောက် ပိုမိုကြိုးစားပေးဖို့ သူ့ရဲ့ကစားသမားတွေကို ပြောကြားထားပါတယ်။

"ကျွန်တော်တို့လုပ်မယ့် ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့ဘယ်သူလဲဆိုတာ မဆုံးရှုံးဘဲ ပိုကောင်းအောင်၊ ဘောလုံးအသင်းတစ်သင်းအနေရှိနေတဲ့ အနေအထားကို ရောက်နေတာပါ" "ရည်မှန်းချက်က အသင်းမှာရှိပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေက သိပြီး ဒါကို အားလုံးလည်း သိမှာပါ။ သူတို့က အများကြီး ပိုလိုချင်ပါတယ်။ သူတို့က ဆုဖလားတွေ စတင်ရယူလိုပြီး အဲဒါက နောက်တစ်ဆင့်ပါ" လို့ အာတီတာက ပြောကြားခဲ့ပါတယ်။