The network connection is lost.

Banner Image

သူ့ရဲ့ကိုယ်ပိုင်ဆုတံဆိပ်တွေနဲ့ ယူရိုဖလားကို အင်္ဂလန်အတွက် လဲလို့ရရင် လဲပေးချင်ပါတယ်လို့ ပြောလာတဲ့ ဟယ်ရီကိန်း

အင်္ဂလန်တိုက်စ်မှူး ဟယ်ရီကိန်းက ယနေ့ည ယူရိုဖလား ရရှိနိုင်ဖို့အတွက် သူ့ရဲ့ကိုယ်ပိုင်ဆုတံဆိပ်တွေနဲ့ လဲလို့ရရင် လဲပေးချင်ပါတယ်လို့ ပြောလာခဲ့ပါတယ်။

အသက်၃၀အရွယ်ရှိနေပြီဖြစ်တဲ့ ဟယ်ရီကိန်းဟာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်ပေမယ့် ဆုဖလားမရဖူးတဲ့ ကျိန်စာဆိုးကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်လျက်ရှိနေပါတယ်။

တော့တင်ဟမ်တိုက်စစ်မှူးဟောင်းက နိုင်ငံအသင်းအတွက် ဆုဖလားရရှိဖို့ သူ့ရဲ့ရွှေဖိနပ်ဆုတွေ၊ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတွေ၊ ကိုယ်ပိုင်ဆုတံဆိပ်တွေကို လဲပေးဖို့ အသင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

ကိန်းက "ကျွန်တော် အခုအချိန်ထိ ဆုဖလားမရသေးဘူးဆိုတာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ဘဲ နှစ်တိုင်းနှစ်တိုင်းမှာ အဲ့ဒီမှတ်တမ်းဆိုးကို ချိုးဖျက်နိုင်ဖို့ စိတ်အားတက်ကြွလာခဲ့ပါတယ်။ ဒီညမှာ ကျွန်တော် အကြီးမားဆုံးသော ဆုဖလားတစ်ခုကို ဆွတ်ခူးနိုင်ခွင့်ရနေတာကြောင့် အင်္ဂလိပ်လူမျိုးတစ်ယောက်ဖြစ်ရတာ အရမ်းဂုဏ်ယူမိပါတယ်။

ကျွန်တော် ဒီည ဆုဖလားရနိုင်ဖို့အတွက် ကျွန်တော့်ကစားသမားဘ၀မှာ ရရှိခဲ့သမျှကို လဲပစ်နိုင်ပါတယ်။ အဲ့ဒါက ပြဿနာမဟုတ်ပါဘူး။ ဒီလိုအခြေအနေကိုရောက်ဖို့ အများကြီး ကြိုးစားခဲ့ရပေမယ့် ဒီညက ထူးခြားတဲ့ညတစ်ညဖြစ်လာဖို့ ကျွန်တော် တကယ်ကို ဆုံးဖြတ်ထားပါတယ်။"လို့ ပြောခဲ့ပါတယ်။

ဟယ်ရီကိန်းဟာ မော်ဒန်ဘောလုံးလောကမှာ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်ပေမယ့် ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ အသည်းကွဲခဲ့ရပြီးနောက် ဒီအဖြစ်အပျက်ကနေ သင်ခန်းစာယူပြီး ဒီညမှာ အင်္ဂလန်အတွက် လုပ်ပြနိုင်ဖို့ လိုအပ်နေပါတယ်။