The network connection is lost.
ရီးရဲလ်အသင်းကွင်းလယ်လူ ဘယ်လင်ဟမ်က သူ့အနေနဲ့ စပိန်မြေမှာ ကစားသမားအသစ်ဖြစ်တာကြောင့် စပိန်ဒိုင်တွေရဲ့ပစ်မှတ်ထားခြင်းခံနေရတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အင်္ဂလန်သားဟာ ဗလန်စီယာနဲ့ပွဲမှာ အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ပွဲသိမ်းခရာမှုတ်ခဲ့တဲ့ ကွင်းလယ်ဒိုင်ကို စောဒဂတက်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။
အဲ့နောက် ၂ ပွဲပယ်ခံခဲ့ရပြီး ဘယ်လင်ဟမ်က အနီကတ်နဲ့ ပတ်သက်လို့ “ကျွန်တော် ဘာမှစကားလုံးကြမ်းတမ်းတာတွေ မပြောမိပါဘူး။ အသင်းဖော်တွေပြောတာနဲ့ ဘာမှမကွဲပြားပါဘူး။ တစ်ချို့အချိန်တွေမှာ ကျွန်တော်က ဒီလိဂ်ရဲ့ ကစားသမားအသစ် ဖြစ်တာကြောင့် သူတို့ ဥပမာတစ်ခုအနေနဲ့ ပြသချင်နေတာလို့ တွေးမိပါတယ်။ အဆုံးသတ်မှာ ကျွန်တော့်လုပ်ရပ်အတွက် တာဝန်ယူရမှာပါ။ ကျွန်တော် ဂုဏ်မယူပါဘူး။ ၂ ပွဲပယ်ခံရမှာဖြစ်ပြီး အရေးပါတဲ့ပွဲတွေပါ။ ကျွန်တော့်လုပ်ရပ်အတွက် တာဝန်ယူမှာဖြစ်သလို ပွဲကြည့်စင်ကနေ ကျွန်တော်အားပေးနေမှာပါ”လို့ ဘယ်လင်ဟမ်က ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်မှာတော့ ရီးရဲလ်အသင်းဟာ လိုက်ပ်ဇစ်ကို ၂-၁ နဲ့ အနိုင်ရပြီး နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီးနောက် အန်ဆယ်လော့တီက “ကျွန်တော်တို့ အခုရလဒ်ထက်ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဆိုးဆိုးဝါးဝါးကစားခဲ့သလို လုံလောက်မှု မရှိခဲ့ပါဘူး။ ကျွန်တော်တို့ နှေးကွေးခဲ့သလို ဘေးတိုက်ပေးပို့မှုတွေ အများကြီးပဲ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့အတွက် ခံစားရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံး အရာက ကွာတားဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ပါ။ ကျွန်တော်တို့ အဲ့တာကို လုပ်နိုင်ခဲ့ပါတယ်။ သူတို့မှာ ဘာမှဆုံးရှုံးစရာမရှိပါဘူး။ ကျွန်တော်တို့ သေချာထိန်းကစားနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အိုလ်မိုရဲ့ကန်ချက် ဘားတိုင်ထိခဲ့တာကြောင့် ရီးရဲလ်အသင်းသက်သာရာရခဲ့ပြီး နောက်ခံလူ နာချိုက အဲ့ကန်ချက်ဟာ ကံကောင်းခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“သူတို့ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။ ဒီနေ့ညက ကျွန်တော်တို့ အတွက် အရမ်းကောင်းတဲ့ညတစ်ညမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နောက်တစ်ဆင့်ကိုတော့ တက်ရောက်နိုင်ခဲ့ပါတယ်”လို့ နာချိုက ပြောကြားခဲ့ပါတယ်။