The network connection is lost.

Banner Image

ဘိုင်ယန်အတွက် ကွန်ပနီဟာ ဘာကြောင့်ပြီးပြည့်စုံတဲ့နည်းပြဖြစ်နေလဲဆိုတာကို ရှင်းပြလိုက်တဲ့ အားကစားဒါရိုက်တာ ခရစ္စတိုဖာ

ကွန်ပနီလက်အောက်မှာ ဒီရာသီစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပြီးနောက် ဘိုင်ယန်အားကစားဒါရိုက်တာ ခရစ္စတိုဖာက လက်ရှိနည်းပြ ကွန်ပနီဟာ ဘိုင်ယန်အတွက်ပြီးပြည့်စုံတဲ့နည်းပြ ဘာကြောင့်ဖြစ်နေလဲဆိုတာကို ရှင်းပြလိုက်ပါတယ်။ ဘိုင်ယန်ဟာ လက်ရှိရာသီ ၁၀ ပွဲကစားပြီးချိန်မှာ ၁၀ ပွဲအနိုင်ရရှိထားပြီး ဂိုးတွေလည်းအများအပြားသွင်းယူထားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီအကုန်တုန်းက ဘိုင်ယန်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့သလို အခုရာသီအစမှာလည်း စတုဂတ်ကိုအနိုင်ယူပြီး ဂျာမန်စူပါဖလားကိုရယူထားနိုင်ခဲ့ပါတယ်။လက်ရှိရာသီသစ်စွမ်းဆောင်ရည်တွေကြောင့် ၁၀ ပွဲစလုံးအနိုင်ရရှိထားခဲ့သလို အသင်းအနေနဲ့ ဂျိုနသန်တာ့ချ် ၊ ဒီယက်ဇ်တို့လိုကစားသမားတွေကိုပါ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ကွန်ပနီဟာ အဆိုပါလူငယ်စတားတွေနဲ့အတူ အသင်းကိုအကောင်းဆုံးကိုင်တွယ်ထားနိုင်ခဲ့ပါတယ်။ 

ServusTV နဲ့အင်တာဗျူးမှာ ခရစ္စတိုဖာက “သူ(ကွန်ပနီ)က အရမ်းကိုမှရည်မှန်းချက်ကြီးမားတဲ့သူပါ။ ကစားသမားတွေလည်း အတူတူပါပဲ။ သူတို့နိုင်ပွဲတွေလိုချင်သလို သူတို့ဆုဖလားတွေလည်း လိုချင်ကြပါတယ်။ သူတို့မတူညီတဲ့အခြေအနေတွေကို ဘယ်လိုခံစားရလဲဆိုတာ သူသိပါတယ်။ ပြီးတော့ သူတို့ကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာလည်း သိပါတယ်။  ကောင်လေးတွေနဲ့လည်း တကယ်ကိုကောင်းတဲ့ဆက်ဆံရေးရှိနေပါတယ်။ သူတို့ကို ဆွဲဆောင်မှုရှိတဲ့ဘောလုံးကစားဟန်နဲ့ ကစားစေပါတယ်။ အခြေခံကအစ သူတို့အလုပ်ကြိုးစားသလို သူတို့ကြားမှာ ပျော်ရွှင်မှုလည်းရှိပါတယ်။ ဘိုင်ယန်မှာ အကြာကြီးပြေးတာမျိုးဘယ်တုန်းကမှမရှိဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကောင်လေးတွေက စိတ်ထဲမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့အတူတူပျော်ကြတာကြောင့်ပါ။ အဆုံးသတ်မှာ ကျွန်တော်တို့ ပြီးပြည့်စုံတဲ့နည်းပြကို ရှာတွေ့ခဲ့ပါတယ်။ ကွန်ပနီအနေနဲ့ ဒီမှာအချိန်အကြာကြီးနေမယ်လို့လည်း မျှော်လင့်မိပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

ဘိုင်ယန်တိုက်စစ်မှူးကိန်းကတော့ ခြေစွမ်းကောင်းတွေပြသနေပြီး ၁၀ ပွဲမှာ ၁၈ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာ ၁၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘိုင်ယန်ဟာ လာမယ့်အောက်တိုဘာ ၁၈ ရက်နေ့မှာ ခက်ခဲတဲ့စမ်းသပ်မှုအဖြစ် ဒေါ့မွန်နဲ့ကစားရမှာဖြစ်ပြီး ကိုဗက်စ်ရဲ့အသင်းကလည်း ဒီရာသီမှာ အရေးနိမ့်ထားခြင်းမရှိသေးပဲ ဘိုင်ယန်ရဲ့နောက် ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။