The network connection is lost.

Banner Image

ဘာစီလိုနာကစားသမားတွေ ချိတ်ဆက်မှုအားနည်းတဲ့ပြဿနာခံစားနေရကြောင်း ဖလစ် ထုတ်ဖော်ပြောကြား

ဘာစီလိုနာနည်းပြ ဖလစ်က မိမိတို့ကစားသမားတွေဟာ ခံစစ် နဲ့ တိုက်စစ်ကြားချိတ်ဆက်မှုအားနည်းတဲ့ပြဿနာခံစားနေရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ဘာစီလိုနာဟာ စနေနေ့တုန်းက လက်စ်ပါးမက်စ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပြီး လာလီဂါ ၃ ပွဲဆက်နိုင်ပွဲပျောက်ခဲ့ပါတယ်။
လက်စ်ပါးမက်စ်အတွက်အနိုင်ဂိုးတွေကို ဆန်ဒရို နဲ့ ဖေဘီယိုဆေးလ်ဗားတို့က သွင်းယူူပေးခဲ့ပြီး ဘာစီလိုနာအတွက် တစ်လုံးတည်းသောဂိုးကို ရာဖင်ဟာက သွင်းယူပေးခဲ့ပါတယ်။

အခုရှုံးပွဲကြောင့် ဘာစီလိုနာဟာ နိုဝင်ဘာ ၃ ရက်နေ့နောက်ပိုင်းကတည်းက လိဂ်နိုင်ပွဲမရှိတော့တာဖြစ်ပြီး ရီးရဲလ်အသင်းလက်ထဲမှာ ၂ ပွဲကျန်နေကာ အနိုင်ရခဲ့မယ်ဆိုရင် အဆင့် ၁ နေရာကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။
“ကျွန်တော် ကစားသမားတွေအပေါ် ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ အသင်းကောင်းတစ်သင်းရှိနေပါတယ်။ ဒီနေ့ပွဲတွေလိုမျိုးက ဖြစ်တတ်ပါတယ်။ အဲ့တာက အဆင်ပြေပါတယ်။ ကျွန်တော်စတင်ချိန်မှာ ကစားသမားတွေကို ဆင်ခြေပေးလို့မရဘူးဆိုတာ ပြောခဲ့ပါတယ်။

ကျွန်တော်တို့ အသင်းတစ်သင်းအနေနဲ့ ဆက်သွားရပါမယ်။ ခင်ဗျားအနေနဲ့ အသင်းတစ်သင်းအနေနဲ့ ဒါမှမဟုတ် ပိုကောင်းတဲ့အသင်းတစ်သင်းအနေနဲ့ကစားနိုင်ချိန်မှာ လူတိုင်းက ကောင်းကောင်းကစားလာနိုင်ပါတယ်။
ခံစစ် နဲ့ တိုက်စစ်လည်း ချိတ်ဆက်လာနိုင်ပါတယ်။ အဲ့တာဆိုရင် အသင်းတိုင်းကို အနိုင်ကန်နိုင်မှာပါ။ ဒါပေမယ့် အဲ့လိုမှမဟုတ်ဘူးဆိုရင် ကစားသမားအချို့ချိတ်ဆက်မှုပြတ်တောက်နေတယ်ဆိုရင် ဒါက  ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။
ကျွန်တော်တို့ အဲ့အကြောင်းပြောဖို့ လိုလာပါပြီ။

လက်စ်ပါးမက်စ်ဂိုးတွေကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ အမှားအချို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာက နောက်တန်းတင်မဟုတ်ပါဘူး။ တိုက်စစ်လည်း အတူတူပါပဲ။
သူတို့ဘယ်လိုကစားနိုင်လဲဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ ပြီးတော့ ဘယ်လောက်သန်မာလဲဆိုတာ သိပါတယ်။ ကျွန်တော်နောက်တစ်ကြိမ်ထပ်ပြောပါမယ်။ ကျွန်တော်တို့ အချိတ်အဆက်မိဖို့ လိုအပ်ပါတယ်။
ဒီနေ့တော့ အဲ့တာပြတ်လပ်ခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်သလို အဲ့လိုလုပ်နိုင်တဲ့အရည်အချင်းလည်းရှိပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ဘောလုံးပိုင်ဆိုင်မှု ၇၀% နဲ့ ကန်ချက် ၂၇ ကြိမ်ရှိခဲ့ပါတယ်။

တိုက်စစ်က ဂိုးသွင်းစွမ်းရည်လိုအပ်ချက်ရှိခဲ့တာပါ။ အဆုံးသတ်မှာ သူတို့က ၂ ဂိုးရခဲ့ပြီး ကျွန်တော်တို့က ၁ ဂိုးပဲရခဲ့ပါတယ်။ ဒီနေ့က တော်တော်လေးစိတ်ပျက်စရာပါ”လို့ ဖလစ်က ပြောကြားခဲ့ပါတယ်။
ဖလစ်က အိုလ်မိုတစ်ယောက် ဒီနေ့ပွဲမပါဝင်နိုင်တာဟာ ဒဏ်ရာရနေတာကြောင့်ဖြစ်ပြီး လာမယ့် မာယော့ကာနဲ့ပွဲမှာ ပြန်လာနိုင်မယ်လို့ အတည်ပြုခဲ့ပါတယ်။