နူးကမ့် သို့ လေ့ကျင့်ရေး အတွက် ပြန်လည်ရောက်ရှိလာမယ့် ဘာစီလိုနာ
အက်ဖ်စီ ဘာစီလိုနာအသင်းဟာ နိုဝင်ဘာ ၇ ရက် သောကြာနေ့ တွင် စပိုတီဖိုင်းနူးကမ့် သို့ တရားဝင် ပြန်လည်ရောက်ရှိလာမှာဖြစ်ပြီး အိမ်ကွင်းသို့ ပြန်လာကာ အသင်းကို ထပ်မံ မြင်တွေ့ရန် စိတ်အားထက်သန်နေတဲ့ ပရိသတ်များရှေ့ တွင် လေ့ကျင့်ရေး ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ ကွင်းကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်ခြင်း လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် စနစ်များ၊ ဝင်ပေါက်များ နှင့် အဆောက်အအုံ၏ ကဏ္ဍအသီးသီးကို စနစ်တကျ လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန် နည်းပညာနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စမ်းသပ်မှု အဖြစ်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
လေ့ကျင့်ရေးကို နံနက် ၁၁ နာရီ တွင် စတင်မှာ ဖြစ်ပြီး နူးကမ့်ကွင်းကို နံနက် ၉:၃၀ နာရီ တွင် ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ပရိသတ်ဝင်ဆံ့နိုင်မှု ပမာဏကို ၂၃,၀၀၀ ဦး အထိ ကန့်သတ်ထားမှာ ဖြစ်ပြီး ပရိသတ်များကို အဆင့် 1 A နှင့် ကိုက်ညီတဲ့ စင်မြင့်ကြီး နှင့် တောင်ဘက် ဂိုးဧရိယာ တို့တွင် နေရာချထားမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ကလပ်မှ ဝင်ခွင့်ပြုမိန့် ကို ရရှိထားပြီး ဖြစ်ပါတယ်။