
The network connection is lost.

ဘာစီလိုနာအသင်းဟာ ၂၀၂၂-၂၃ရာသီအတွင်း အမြတ်ငွေ ယူရို သန်း ၃၀၀ကျော် ရရှိခဲ့ကာ ကြွေးမြီးအများစုကို ရှင်းထုတ်နိုင်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
ကတ္တလန်လကပ်ဟာ ယမန်နှစ်ရာသီက ဘဏ္ဍာရေးဆိုင်ရာ ရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာမှာ အခွန်ဆောင်အပြီး ယူရို၃၀၄သန်း အထိ အမြတ်ငွေရခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အဆိုပါပမာဏဟာ ယမန်နှစ်က မျှော်မှန်းထားတဲ့ ဘက်ဂျတ်ထက် ပိုများပြီး ၂နှစ်ဆက်တိုက် ကြွေးမြီးတွေကို လျော့ချပေးနိုင်ခဲ့လည်း ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကြော်ငြာဝင်ငွေတွေဟာ များပြားလှတဲ့ စပွန်ဆာအသစ်တွေနဲ့ ဘာကာစတိုးဆိုင်က စံချိန်တင်ရောင်းချငွေတွေကြောင့် ယူရို၃၅၁သန်းအထိ ဝင်ငွေရရှိခဲ့ပါတယ်။ ယခုနှစ်တွေအတွင်းပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာ leversတွေကြောင့် ဘာစီလိုနာဟာ ဘဏ္ဍရေးဆိုင်ရာ တိုးတက်မှုတွေရှိလာခဲ့ပြီး နူးကမ့်ကွင်းထဲကအရာတွေကို ရောင်းချရခြင်းကလည်း ဝင်ငွေတွေ တိုးလာခဲ့ပါတယ်။
စီးပွားရေးဆိုင်ရာ leversတစ်ခုကတော့ ဘာကာလိုင်ဆင်နဲ့ အရောင်းဆိုင်ရဲ့ ရှယ်ယာ ၄၉.၉%ကို ရောင်းချလိုက်ခြင်းဖြစ်သလို စတိုးဆိုင်တွေကနေ ရောင်းချရမှုကလည်း အရင်နှစ်ကထက် ၅၄% တိုးတက်လာခဲ့တယ်လို့ ကလပ်က အတည်ပြုခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ယနေ့ည ဆီဗီလာနဲ့ပွဲစဉ်မှာလည်း ရလဒ်ကောင်းတစ်ခုထွက်ပေါ်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။