ဂျူနီယာရော်နယ်ဒိုလေးရဲ့ ပွဲကို တန်ဖိုးကြီးအိတ်ကိုင်ပြီး ပက်လက်ကုလားထိုင်နဲ့ အားပေးခဲ့တဲ့ ဂျော်ဂျီနာ
ဂျူနီယာနောက်ဆုံး ကစားခဲ့တဲ့ပွဲမှာလည်း မောင်နှမတွေဖြစ်တဲ့ မာတီယို၊ အီဗာနဲ့ အယ်လာနာမာတီနာတို့ကိုပါ ခေါ်လာခဲ့တာတွေ့ရပါတယ်။ ကလေးတွေကလည်း အပြင်ထွက်ရတာကို ပျော်ရွှင်နေကြသလို ဂျူနီယာကလည်း ဝက်စ်ဘရွန်းနဲ့ ကစားခဲ့တဲ့ ပွဲကို ဝိန်းရွန်းနီရဲ့သားအကြီးဆုံး ကိုင်နဲ့အတူ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ ဂျော်ဂျီနာဟာ ကွင်းဘေးမှာ ရှိနေပေမယ့် စတိုင်ကျလှပနေပြီး ပန်းရောင်ဂျက်ကတ်၊ အနက်ရောင် အပေါ်ဝတ်တို့နဲ့ ထင်ရှားစွာ လှပနေပါတယ်။
ဒါ့အပြင် ပေါင် ၂၂၀၀၀ တန် Hermes တံဆိပ်အဖြူသားရေ လက်ကိုင်အိတ်ကိုလည်း လက်မှာချိတ်ထားပါသေးတယ်။ အဆိုပါတန်ဖိုးကြီးအိတ်ဟာ ကြိုတင်ဝယ်ယူမှုမှာတောင် တန်ဖိုးက ပေါင် ၁၉၆၉၄ ကျသင့်ပါတယ်။ နောက်တစ်ပုံမှာတော့ ပွဲပြီးလို့ မန်ချက်စတာယူနိုက်တက် ဝတ်စုံနဲ့ ခရစ္စတီယာနိုဂျူနီယာ၊ မတ်တီယို၊ အီဗာ၊ အယ်လာနာမာတီနာတို့နဲ့အတူ ကွင်းထဲမှာ ရိုက်ကူးထားပါတယ်။
ဂျော်ဂျီနာတို့မိသားစုဟာ ပြီးခဲ့တဲ့အောက်တိုဘာက ဆေးစစ်မှုအရ ဒီနှစ်ထဲမှာ နောက်ထပ်အမွှာတစ်စုံကို ရရှိဦးမှာဖြစ်ပါတယ်။