ချန်ပီယံရှစ်မှာ ခြေစွမ်းပြသနေတဲ့ ဂျေဒန်ဖီလိုဂီနီကို ကမ်းလှမ်းလိုက်တဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ ဟူးလ်စီးတီးရဲ့ တောင်ပံကစားသမား ဂျေဒန် ဖီလိုဂီနီကိုခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။
Sky Sports ဂျာနယ်လစ် ပလက်တန်ဘက်ရဲ့ဖော်ပြချက်အရ ကတ္တလန်ကလပ်ဟာ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ၂၀၂၅ ခုနှစ်တွင် အပြီးသတ်ဝယ်ယူခွင့်ပါရှိတဲ့ ကနဦးတစ်ရာသီအငှားဖြင့်ကမ်းလှမ်းခဲ့တာဖြစ်ပြီး လာမယ့်ရာသီ ကစားရခွင့်ရရှိမယ့် ပွဲထွက်ခွင့်အပေါ် မူတည်နေတာလည်းဖြစ်ပါတယ်။ လာမယ့်နှစ် ပြောင်းရွှေ့ကြေးကတော့ ယူရို သန်း ၂၀ - ၂၃ သန်း (ပေါင် ၁၆ သန်း ၊ ဒေါ်လာ ၂၁ သန်း - ပေါင် ၁၉ သန်း ၊ ဒေါ်လာ ၂၄ သန်း) ဝန်းကျင်ဖြစ်မှာပါ။
အသက် ၂၂ နှစ်အရွယ် အင်္ဂလန်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ ခြေစွမ်းပြသထားပြီး ပြိုင်ပွဲစုံ ၃၃ ပွဲတွင် ၁၂ ဂိုးသွင်ယူကာ ၆ ဂိုး ဖန်တီးပေးထားတာဖြစ်ပါတယ်။ ကလပ်ရဲ့ အဆင့် ၇ဖြင့် ရာသီပိတ်နိုင်မှုတွင် သူက အဓိက နေရာကနေ ပါဝင်ခဲ့ပြီး playoff ပွဲစဉ်ကို ရမှတ် ၃ မှတ်ဖြင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာဟာ ကစားသမားကို အသေးစိတ်လေ့လာစောင့်ကြည့်ခဲ့တာဖြစ်ပြီး ၂၀၂၃-၂၄ ရာသီ အင်္ဂလန်ဒုတိယတန်းလိဂ်က သူ့ရဲ့စွမ်းဆောင်ရည်ကို သဘောကျခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမားရဲ့လက်ရှိဟူးလ်စီးတီးနှင့်စာချုပ်က ၂၀၂၆ ခုနှစ်အထိဖြစ်ပါတယ်။ယူအက်စ်သို့သွားရောက်မယ့် ရာသီကြိုပွဲစဉ်မတိုင်မီ လာလီဂါချန်ပီယံဟောင်းဟာ လာမယ့်လတွင် နည်းပြသစ်ရဲ့လက်အောက်မှာ ပြန်လည်စုဖွဲ့မှာဖြစ်ပါတယ်။