The network connection is lost.

Banner Image

အန်ဖီးလ်မှာ Comeback တစ်ခုပုံဖော်ပြီး နောက်တစ်ဆင့်တက်လှမ်းခဲ့တဲ့ ပီအက်စ်ဂျီ

လီဗာပူး ဝ-၁ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်) (ပယ်နယ်တီအဆုံးအဖြတ် ၁-၄)

အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲစဉ်ကတော့ နှစ်ဖက်အသင်း အကြိတ်အနယ်ယှဉ်ပြိုင်ကစားမှုတွေနဲ့အတူ အတော်လေးစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် အရေးပါတဲ့ဦးဆောင်ဂိုးကို ပွဲချိန်မိနစ်အစောပိုင်းမှာ ဒမ်ဘီလီက သွင်းယူပေးခဲ့ပါတယ်။ သာမန်ပွဲကစားချိန်အပြင် အချိန်ပိုမိနစ်တွေမှာပါ နှစ်ကျော့ပေါင်းရလဒ်တူညီနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာတော့ ဒါဝင်နူနက်ဇ်၊ ကာတစ်ဂျုံးစ်တို့ရဲ့ပယ်နယ်တီကန်သွင်းချက်တွေကို ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာ လက်စွမ်းပြကာကွယ်မှုနဲ့အတူ ဧည့်သည်တို့ ကွာတားဖိုင်နယ်အဆင့်ဆီ တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
------------------
ဘာစီလိုနာ ၃-၁ ဘင်ဖီကာ (နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် ဘာစီလိုနာနောက်တစ်ဆင့်တက်)
လေဗာကူဆင် ဝ-၂ ဘိုင်ယန်မြူးနစ် (နှစ်ကျော့ပေါင်းရလဒ် ဝ-၅ ဂိုးဖြင့် ဘိုင်ယန်မြူးနစ်နောက်တစ်ဆင့်တက်)
အင်တာမီလန် ၂-၁ ပီအက်စ်ဗွီ (နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် အင်တာမီလန်နောက်တစ်ဆင့်တက်)