
ပီအက်စ်ဂျီကိုအရေးနိမ့်ပြီးနောက် ထိန်းချုပ်မှုပြတ်လပ်ခဲ့တာနဲ့ပတ်သက်ပြီး ဘာစီလိုနာစတား ထုတ်ဖော်ပြောကြား
ဘာစီလိုနာတိုက်စစ်မှူး ဖာရန်တောရက်စ်က ပီအက်စ်ဂျီနဲ့ပွဲမှာ မိမိတို့ထိန်းချုပ်မှု ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။ စပိန်ကလပ်ဟာ နောက်ကျမိနစ်ဂိုးနဲ့အတူ ပီအက်စ်ဂျီကိုအရေးနိမ့်ခဲ့ပြီး ဒီရာသီပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာစီလိုနာအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ တောရက်စ်က အသင်းအနေနဲ့ ရလဒ်အပေါ် အလွန်အကျွံမတုံ့ပြန်ဖို့ သတိပေးလိုက်ပါတယ်။
တောရက်စ်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ဖန်တီးမှုကနေ လူကျွံထောင်ချက်ကို ဖောက်ထွက်ကာ အသင်းအတွက် ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပီအက်စ်ဂျီလူငယ်စတား မာယူလူက ချေပဂိုးပြန်လည်သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့နောက် နောက်ကျမိနစ်မှာ ပီအက်စ်ဂျီနဲ့အတွက် အနိုင်သေချာစေမယ့်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာ တောရက်စ်က ဘာစီလိုနာဟာ အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် ပွဲအရှိန်ကိုဆက်ထိန်းနိုင်ဖို့တော့ ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။ “ပွဲက တကယ့်ကိုရူးချင်စရာပါ။ ပထမမိနစ်တွေမှာ ကျွန်တော်တို့လက်ဖျားခါလောက်အောင် ကောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့တာကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ကျွန်တော်တို့ မသိခဲ့ပါဘူး။ အဲ့တာကိုသာ ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ အနိုင်ရနိုင်ပါတယ်။
ကျွန်တော်တို့ လိုချင်သလိုဆက်မထိန်းနိုင်ခဲ့တာကြောင့် အခုလိုအရေးနိမ့်ခဲ့တာပါ။ ပွဲအများကြီးကန်ရဦးမှာဖြစ်ပြီး ကျွန်တော်တို့ အခုလိုထပ်ဖြစ်လို့မရသလို ဆင်ခြေပေးလို့လည်းမရပါဘူး။ လာမယ့်အပတ်အတွက် ကျွန်တော်တို့ အာရုံစိုက်ရပါမယ်။ ရာသီအကုန်မှာ အခုလိုဆက်ဖြစ်နေမယ်ဆိုရင် အရှုံးတွေများပါလိမ့်မယ်။ အခုတော့ ကျွန်တော်တို့မှားနေတာတွေကို ပြင်ရမယ့်အချိန်ပါ”လို့ တောရက်စ်က ပြောကြားခဲ့ပါတယ်။
တောရက်စ်ဟာ ဒီရာသီအသင်းအတွက် ပြိုင်ပွဲစုံ ၅ ဂိုးသွင်း ၊ ၁ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ လီဝန်ဒေါစကီးဒဏ်ရာရချိန်မှာ တောရက်စ်ဟာ false nine အဖြစ် ကစားခဲ့ကာ အသင်းကိုလိဂ်မှာ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တောရက်စ်က လာမယ့်ဆီဗီလာနဲ့ပွဲမှာလည်း ဂိုးပေါက်ထပ်မံရှာတွေ့နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။