အာဆင်နယ်ရဲ့ နံပါတ် ၁ ကွင်းလယ်ပစ်မှတ်ကို ခေါ်ယူဖို့ မျက်စိကျနေတဲ့ ဘာစီလိုနာ
ပြီးခဲ့တဲ့နှစ်တွေမှာ အာဆင်နယ်အသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ငွေကြေးမြောက်များစွာ အသုံးပြုခဲ့တာဖြစ်ပြီး ဒီကလန်ရိုက်စ်အတွက် ပေါင် ၁၀၅ သန်းအထိ စံချိန်တင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ပိုမိုချွေတာနိုင်ဖွယ်ရှိနေပြီး မာရီနိုကို ကုန်ကျစရိတ်သက်သာစေမယ့်သူအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ ရီးရဲလ်ဆိုစီဒက်စ်ရဲ့ တိုးတက်လာမှုတွင် အဓိကကျတဲ့ ကစားသမားဖြစ်ခဲ့ပြီး စပိန်ရဲ့ ယူရို ၂၀၂၄ ရရှိခဲ့မှုတွင် သူ့ရဲ့မာကျောတဲ့ကစားဟန်ကို ပြသနိုင်ခဲ့ကာ ဂျာမနီနှင့်ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ နွေရာသီအစောပိုင်းမှာ အယ်နီနီထွက်ခွာသွားပြီးနောက် ပါတေးရဲ့အနာဂတ်ကလည်း မသေချာနေတာကြောင့် အာဆင်နယ်ဟာ အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားတောင့်တင်းအောင် လုပ်ဆောင်လိုနေတာဖြစ်ပါတယ်။
ဂျော်ဂျင်ဟိုက မေလမှာ စာချုပ်သက်တမ်းတိုးခဲ့သလို လူငယ်ကစားသမား အီသန်နွမ်နာရီကလည်း လက်ရှိရာသီမှာ ပထမအသင်းပွဲထွက်ခွင့်ပိုမိုရရှိဖို့ရှိနေပါတယ်။ ဒါပေမဲ့ ဒဏ်ရာရရှိနေတဲ့ ရိုက်စ်ကြောင့် အာဆင်နယ်အတွက် ရွေးချယ်စရာ ကစားသမားနည်းပါးနေမှာပါ။
ကစားသမားဘဝအစပိုင်းမှာ နယူးကာဆယ်မှာ ကစားခဲ့ဖူးတဲ့ မာရီနိုကို အာတီတာက သဘောကျနေသလို ဘာစီလိုနာနည်းပြသစ် ဟန်စီဖလစ်ကလည်း သဘောကျနေတယ်လို့ Relovo ကဖော်ပြထားပါတယ်။ ကတ္တလန်ကလပ်ကလည်း ဈေးကွက်မှာ ကွင်းလယ်ကစားသမားသစ်ရှာဖွေနေပြီး ဘိုင်ယန်မြူးနစ်က ကင်မစ်ချ်ကို အရင်ကတည်းက စိတ်ဝင်စားနေပါတယ်။
ဘာစီလိုနာရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ဂျာမနီနိုင်ငံသားကိုခေါ်ယူနိုင်ဖို့က လက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့် အာဆင်နယ်လိုပဲ ဘာစီလိုနာဟာ လက်ရှိစာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တဲ့ မာရီနိုကို စောင့်ကြည့်နေပါတယ်။