The network connection is lost.

Banner Image

ခွဲစိတ်ဖို့ရွေးချယ်ခဲ့ပါက လေးလခန့် အနားယူရဖွယ်ရှိနေတဲ့ ဒဏ်ရာရရှိနေတဲ့ ဘာစီလိုနာနောက်ခံလူ အရူဂျို

အဆိုပါသတင်းနှင့်ပတ်သက်ပြီး SPORT မှ တိုနိဂျူယန်မာတီက ဘာစီလိုနာနောက်ခံလူ ရော်နယ်အာရူဂျိုဟာ ယခုလအစောပိုင်းတွင် ဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူရန် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ခွဲစိတ်မှုခံယူပါက ၄ လတာ ကာလအထိ အနားယူရနိုင်ပြီး ကစားသမားနှင့် ကလပ်အတွက် ဆိုးရွားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်ပတ်က ဥရုဂွေးနိုင်ငံသားဟာ ကိုပါအမေရိက ကွာတားဖိုင်နယ်အဖြစ် ဘရာဇီးနှင့်ကစားခဲ့တဲ့ပွဲအတွင်း မိနစ် ၃၀ မှာ ပေါင်အနောက်မှာ ဒဏ်ရာ ရရှိခဲ့ပြီး လူစားလဲခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဥရုဂွေးလက်ရွေးစင်အသင်းက တိကျတဲ့သတင်းများထုတ်ပြန်ထားခြင်းမရှိသော်လည်း အရူဂျိုဟာ ၂ လအထိ အနားယူရဖွယ်ရှိကြောင်း ကနဦးက မျှော်မှန်းထားတာဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာက ပြင်းထန်တာကြောင့် ခွဲစိတ်မှုအတွက်ရွေးချယ်ဖို့ကို ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ နောက်ဆုံး အဆုံးအဖြတ်က ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပြီး သေချာပေါက်သိရှိနိုင်ဖို့ ဘာစီလိုနာသို့ ယနေ့မှာ ရောက်ရှိလာပြီး နောက်ထပ်စစ်ဆေးမှုတွေပေါ် မူတည်နေပါတယ်။

Jijantes FC ရဲ့ ဖော်ပြချက်အရ ကစားသမားဟာ ဘာစီလိုနာတွင်ရှိနေပြီဖြစ်ပြီး ဆေးစစ်မှုခံယူရမယ့် ကလပ်ရဲ့ Ciutat Esportiva အဆောက်အအုံသို့ ရောက်ရှိနေလို့ အတည်ပြုထားပါတယ်။ ဒဏ်ရာကို လုံးလုံးလျားလျားပျောက်ကင်းဖို့ ရှေးရိုးစွဲကုသမှုက မလုံလောက်ကြောင်း ရလဒ်များကဖော်ပြပါက အခြားကိစ္စရပ်များကို ရှောင်ရှားနိုင်ဖို့ ခွဲစိတ်ကုသမှုမှာ ဦးစားပေးရွေးချယ်မှုဖြစ်မယ်လို့ SPORT က ဖော်ပြထားပါတယ်။

အကယ်၍ နောက်ဆုံးတွင် ခွဲစိတ်ကုသမှုခံယူရန် ဆုံးဖြတ်ချက်ချပါက ရော်နယ်အရူဂျိုဟာ ၄ လကျော်နီးပါး အနားယူရမှာဖြစ်ပြီး ဥရုဂွေးဗဟိုနောက်ခံလူအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခုဖြစ်လာမှာပါ။