The network connection is lost.

Banner Image

လီဗာပူးဗဟိုခံစစ်ပိုင်းမှာ အရူဂျိုထက် ဂျာကွက် ဘာကြောင့်နေရာရလာနိုင်သလဲ အရိပ်အမြွက်ပြောပြလာတဲ့ ဗန်ဒိုက်

လီဗာပူးအသင်းက ရလဒ်ပိုင်းမတည်ငြိမ်ခဲ့တဲ့ ရာသီကြိုခရီးစဉ်အပြီး သြဂုတ် ၂၃ ရက်၊ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ရင်ဆိုင်ကစားသွားရပါမယ်။

အန်ဒိုနီအီရာအိုလာက ဇူလိုင်လ၊ အမေရိကန်ရာသီကြိုခရီးစဉ်အတွက် လူငယ်အခြေပြုကစားသမားစာရင်းကို တည်ဆောက်ခဲ့ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် အသင်းကပ္ပတိန်ဗန်ဒိုက်အပါအဝင် အဓိကကစားသမားအများစုကို အနားပေးထားခဲ့ပါတယ်။

လီဗာပူးအသင်းက ကိုမိုအသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ခြေစမ်းပွဲနှစ်ပွဲ ကစားပြီး ရာသီကြိုခရီးစဉ်ကို အဆုံးသတ်ခဲ့ရာ ပထမတစ်ပွဲမှာ ဂိုးမရှိသရေကျပြီး နောက်ပွဲစဉ်မှာတော့ အီရာအိုလာရဲ့အသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

လီဗာပူးအသင်းက ကိုမိုအသင်းနဲ့ အန်ဖီးလ်ကွင်းမှာ ခြေစမ်းပွဲ နှစ်ပွဲကစားပြီး ရာသီကြိုခရီးစဉ်ကို အဆုံးသတ်ခဲ့ရာ တစ်ပွဲမှာ ဂိုးမရှိသရေကျခဲ့ပြီး နောက်တစ်ပွဲမှာတော့ အီရီယိုလာရဲ့အသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဗန်ဒိုက်က ကိုမိုနဲ့ ဒုတိယမြောက်ခြေစမ်းပွဲစဉ်မှာ ကစားသမားသစ်ဂျာကွက်နဲ့အတူ ပွဲထွက်ကစားခဲ့ပါတယ်။ ဒါက လွန်ခဲ့တဲ့လအတွင်း ရန်းနက်စ်အသင်းမှ ပြောင်းရွှေ့လာပြီးနောက် ဂျာကွက်အတွက် ပထမဆုံးပွဲစဉ်လည်း ဖြစ်လာပါတယ်။

အီရာအိုလာက ဂျာကွက်ကို အသင်းမှာ တဖြည်းဖြည်းအသားကျလာအောင် ပြင်ဆင်ပေးခဲ့ပြီး ကစားသမားကိုယ်တိုင်လည်း ပွဲဦးထွက်အမှတ်တရပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ပထမပိုင်းပွဲချိန်အပြီး ဘာစီလိုနာမှ အငှားရောက်လာတဲ့ ဥရုဂွေးလက်ရွေးစင်အရူဂျိုနဲ့ ဂျာကွက်ကို လူစားလဲလှယ်ခဲ့ပါတယ်။

ဗန်ဒိုက်ကတော့ လီဗာပူးအသင်းဗဟိုခံစစ်ပိုင်းမှာ ပထမဦးစားပေးအဖြစ် ဆက်လက်ရှိနေပြီး အရူဂျိုထက် ဂျာကွက်မှာ ဘယ်လိုအခွင့်အရေးမျိုးတွေ ရှိထားသလဲဆိုတာ အရိပ်အမြွက်ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားနှစ်ဦးလုံးမှာ အသင်းနဲ့အထိုင်ကျဖို့အတွက် အချိန်လိုအပ်တယ်လို့ ဒတ်ချ်နောက်ခံလူက အခိုင်အမာပြောခဲ့ပါတယ်။

"ဂျာကွက်က အရူဂျိုလိုပဲ အကောင်းဆုံးကစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါ ကောင်းမွန်တဲ့စတင်မှုတစ်ခု ဖြစ်လို့ သူ ဆက်လက်အားထုတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့က ပွဲစဉ်တွေကစားရင်းနဲ့ပဲ နားလည်မှု တည်ဆောက်ကြရပါတယ်။ ဒါ တစ်ခုတည်းသောနည်းလမ်း မဟုတ်ပါဘူး။ ဒါပေမဲ့ လက်တွေ့ပြိုင်ပွဲတွေဆိုတာ လေ့ကျင့်ကွင်းနဲ့ လုံး၀ခြားနားပါတယ်။

ဂျာကွက်ရဲ့ အင်္ဂလိပ်စာအရည်အသွေးက အရူဂျိုထက် အနည်းငယ် ပိုကောင်းတယ်လို့ ပြောနိုင်ပေမဲ့ ကျွန်တော်တို့အားလုံးက ထူးချွန်ထက်မြက်တဲ့ ဘောလုံးသမားတွေ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ကျွန်တော်တို့ မြင်နိုင်၊ခံစားနိုင်ပါတယ်။

အသင်းဖော်တွေအကြား အချိတ်အဆက်မိဖို့ လိုအပ်တယ်ဆိုတာ ထင်ရှားပြီး အဲဒီအတွက်တော့ အချိန်ယူသွားရပါမယ်" လို့ ဗန်ဒိုက်က ဆိုပါတယ်။