The network connection is lost.
အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း အူဘာမီယန်းက အာတီတာနဲ့ အချင်းများမှုအကြောင်း ပြန်လည်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
၂၀၂၀ တုန်းက အာဆင်နယ်အသင်းကို အက်ဖ်အေဖလားရအောင် ကူညီပေးခဲ့တဲ့ အူဘာမီယန်းတစ်ယောက် ၂၀၂၁ အစောပိုင်းမှာ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် မိခင်ဖျားနာမှုကြောင့် အူဘာမီယန်းဟာ မြောက်လန်ဒန်ဒါဘီပွဲအပါအဝင် ပွဲတော်တော်များများကို လွဲချော်ခဲ့ပါတယ်။
စည်းကမ်းပိုင်းဆိုင်ရာပြဿနာကြောင့် အာတီတာရဲ့စိတ်ရှည်မှုကို စမ်းသပ်ခဲ့တဲ့ အူဘာမီယန်းဟာ မိသားစုနဲ့အတူ ပြင်သစ်မှာအချိန်ကုန်ဆုံးခဲ့ပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်ကို နောက်ကျမှပြန်လာခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေကပဲ အာတီတာနဲ့ အူဘာမီယန်းတို့ကြား ပြဿနာတစ်ရပ်စတင်လာခဲ့တာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ အူဘာမီယန်းက “ကျွန်တော်ရောက်လာချိန်မှာ နည်းပြက မီတင်ကိုအပြီးသတ်နေပါပြီ။ အဲ့နောက် ကျွန်တော့်ကို ခေါ်ပြီး မျက်ရည်အပြည့်နဲ့ အော်ပြောခဲ့ပါတယ်။ ပြီးတော့ မင်းက ငါ့နောက်ကြောကိုဓားနဲ့ထိုးခဲ့တယ် ငါ့ကောင်ရေ။ အချိန်ပေးလိုက်တဲ့ဟာကို ဒီလိုတော့မလုပ်သင့်ဘူးလို့ သူက ပြောကြားခဲ့ပါတယ်။ အဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကိုကိုယ်ပြန်ပြောနေခဲ့ပြီး ငါသူ့ကိုအဖြေပေးလိုက်ရင် သူစိတ်ဆိုးသွားမှာပါလို့ တွေးနေခဲ့ပါတယ်။ ကျွန်တော် ပါတီလည်းမသွားခဲ့ပါဘူး။ သူက ကျွန်တော်ထွက်ခွာရတဲ့အကြောင်းအရင်းကို သိနေပါတယ်။ အဲ့အချိန်မှာ ဘာကြောင့် သူဒီလိုကျွန်တော့်ကိုသင်ခန်းစာပေးနေလဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ ကျွန်တော်အိမ်ပြန်နေချိန်မှာပဲ ဆရာဝန်က ဖုန်းခေါ်လာပြီး မနက်ဖြန်နည်းပြက မင်းကို ဒီမှာရှိမနေစေချင်ဘူးလို့ ပြောခဲ့ပါတယ်။ ကျွန်တော်လည်း အဆင်ပြေပါတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပွဲလာတော့မယ်ဆိုတာကို သိနေခဲ့ပြီး ကျွန်တော့်ကိုကျွန်တော် လူတိုင်းဒီအကြောင်းကိုပြောနေတော့မှာပဲလို့ ပြန်ပြောနေမိပါတယ်။ အဲ့တာက ရှုပ်ထွေးစရာဖြစ်လာခဲ့ပြီး ဘယ်လောက်တောင်ရူးသွပ်ချင်စရာဖြစ်ခဲ့လဲဗျာ။ ကျွန်တော် နားမလည်နိုင်ဖြစ်ရပါတယ်”လို့ အူဘာမီယန်းက ပြောကြားခဲ့ပါတယ်။
အဲ့နောက် အူဘာမီယန်းတစ်ယောက် ၂၀၂၂ ဇန်နဝါရီတုန်းက ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။ “နောက်တစ်ကြိမ် အာတီတာက သူဘာကြောင့် ဒီလိုအခိုက်အတန့်မှာ ကျွန်တော်နဲ့ဆန့်ကျင်တာလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် ဥပမာဖြစ်ခဲ့ပါတယ်။ အဲ့တာက ကျွန်တော်မလုပ်ခဲ့တဲ့အရာပါ။ အခုချိန်မှာ ကျွန်တော်ပြောနိုင်တာက ကျွန်တော့်တာဝန်ယူမှုအကြောင်း ဝန်ခံချင်တာပါ။ ဒါပေမယ့် တကယ့်အကြောင်းအရင်းက ခင်ဗျားသာလူသားဆန်ရင် နားလည်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်အပြောင်းအရွှေ့ကို ခင်ဗျားနားလည်နိုင်မှာပါ။ အဲ့တာပြီးတော့ ကျွန်တော် တစ်လလောက် ကိုယ့်ဘာသာလေ့ကျင့်ခန်းဆင်းခဲ့ပါတယ်”လို့ အူဘာမီယန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးကို ၂၀၂၂ နွေရာသီမှာ ပြန်လာခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အူဘာမီယန်းတစ်ယောက် မာဆေးလ်မှာ ပြန်ကစားနေပါတယ်။ အာဆင်နယ်ကတော့ နွေရာသီမှာ တိုက်စစ်မှူးသစ်ရှာဖွေနေပြီး ချန်ပီယံဆုရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။