The network connection is lost.

Banner Image

ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့ အမှတ်တွေအများကြီး စုဆောင်းနိုင်ရန် လိုအပ်ကြောင်း ပြောလာတဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီကယ်အာတီတာက အသင်းအနေနဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်ဖို့အတွက် လက်ရှိခြေစွမ်းအဆင့်အတန်းတွေကို မြှင့်တင်နိုင်ရန် လိုအပ်ကြောင်း ပြောခဲ့ပါတယ်။

မန်စီးတီးနဲ့ အာဆင်နယ်တို့ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလားအတွက် နောက်ဆုံးနေ့အထိ ယှဉ်ပြိုင်ခဲ့ကြပြီး စီးတီးက ၂မှတ်အသာနဲ့ ဗိုလ်စွဲခဲ့ပါတယ်။

အာတီတာက "ပြောချင်တာကတော့ ရှင်းပါတယ်။ ကစားသမားအားလုံးထံကနေ ခြေစွမ်းကောင်း ဒီထက်အများကြီး ပိုလိုအပ်ပါတယ်။ ကျွန်တော်အပါအဝင် အားလုံးစီကနေပါ။

အဆင့်အတန်းတွေကို ကျွန်တော် မြှင့်တင်နိုင်ဖို့ လိုပါတယ်။ ကျွန်တော် မထုတ်ပြရသေးတာတွေကို ထုတ်ပြန်နိုင်ဖို့ လိုပါတယ်။ အဲ့ဒီလိုတွေ လုပ်ပြနိုင်မှသာ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရဖို့ အခွင့်အရေးပိုများမှာပါ။ ဒါက အခြေခံအားဖြင့် ကျွန်တော်တို့ လိုချင်တဲ့အရာပါပဲ။

နေ့တိုင်း အဲ့ဒီ မျှော်လင့်ချက်တွေနဲ့ လေ့ကျင့်ပြီး အခက်အခဲတွေကို နားလည်နိုင်ရပါမယ်။ အဲ့ဒီလိုလုပ်မှပဲ အခက်အခဲတွေ ကြုံလာတဲ့အခါ အားလုံးအတူတကွ ကျော်ဖြတ်နိုင်မှာပါ။

မန်စီးတီးကို အသာရဖို့ဆိုရင် ၁၁၄မှတ် လိုပါတယ်။ အဲ့ဒီလိုလုပ်မှပဲ ဖလားသေချာပေါက်ရနိုင်မှာပါ။ ဒါကလည်း အသင်းရဲ့ရည်မှန်းချက်ဖြစ်ပါတယ်။ အဲ့ဒီအမှတ်ကိုရမှသာ ပြိုင်ဘက်ကို အသာရနိုင်ခြေရှိပါတယ်။

ကျွန်တော်တို့မှာ အခက်အခဲတွေရှိနေရင်တောင် ပြိုင်ဘက်ထက် ပိုကောင်းနေရပါမယ်။ အဲ့ဒါက တကယ့်ရည်မှန်းချက်ပါပဲ။"လို့ ပြောခဲ့ပါတယ်။