ဘန်လေနဲ့ ပထမပိုင်းစွမ်းဆောင်ရည်က အာဆင်နယ်ရဲ့အကောင်းဆုံးထဲကတစ်ခုဖြစ်တယ်လို့ အာတီတာဆို
အာဆင်နယ်နည်းပြ မီကယ်အာတီတာက ဘန်လေအသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲရဲ့ ပထမပိုင်း ခြေစွမ်းဟာ အသင်းရဲ့ အကောင်းဆုံးတွေထဲက တစ်ခု ဖြစ်တယ်လို့ ချီးကျူးပြောဆိုလိုက်ပါတယ်။
ဗစ်တာယောကရက်စ် နဲ့ ဒီကလန် ရိုက်စ်တို့က ပထမပိုင်းမှာ ဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်ဟာ ပြိုင်ပွဲစုံ ကိုးပွဲဆက်တိုက် အနိုင်ရခဲ့သလို၊ ပရီးမီးယားလိဂ်မှာလည်း ငါးပွဲဆက် အနိုင်ရခဲ့ပါတယ်။ံ အာတီတာက "ကျွန်တော်တို့ ပွဲကို ထူးထူးခြားခြား ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ပထမပိုင်းဟာ ကျွန်တော်တို့ ကစားခဲ့တဲ့ ပွဲတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုလို့ ထင်ပါတယ်။ နှစ်ဂိုးသွင်းနိုင်ခဲ့တယ်၊ တခြား နှစ်ကြိမ် သုံးကြိမ်လောက် အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပြီး ပြိုင်ဘက်ကို ဘာမှ ပေးမသွားခဲ့ပါဘူး။
အဲဒါဟာ ကျွန်တော်တို့အတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ စံနှုန်းတွေ ကျသွားခဲ့တယ်။ အထူးသဖြင့် ဘောလုံးနဲ့ ကစားတဲ့နေရာမှာ ရှေ့ကို ပိုပြီး ကစားချင်တဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒတွေ ကျဆင်းခဲ့တယ်" လို့ သူက ဆက်ပြောပါတယ်။ "ဒါပေမဲ့ ခံစစ်ပိုင်းမှာတော့ ကျွန်တော်တို့ ထူးချွန်ခဲ့ပါတယ်" လို့ မှတ်ချက်ပြုခဲ့ပါတယ်။