
အာဆင်နယ်ရှိ သူ့ရဲ့အနာဂတ်နှင့် ပတ်သက်၍ မသေချာကြောင်း ဝန်ခံခဲ့တဲ့ အာတီတာ
အာတီတာဟာ မကြာခင်မှာ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ နည်းပြအဖြစ် အသင်းသို့ မရောက်ရှိခင်မှာ ကစားသမားအဖြစ် ၅ နှစ်ကြာ ကစားခဲ့ပါတယ်။ စပိန်သားဟာ အာဆင်နယ်ရှိ သူ့ရဲ့ပထမဆုံးရာသီမှာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် နောက်ဆုံး ပရီးမီးယားလိဂ်နှစ်ရာသီမှာ ဂန်နာတို့ရဲ့ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေ ရှိနေသော်လည်း လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၂-၂၃ တွင် မန်စီးတီးနောက် ၅ မှတ်ဖြင့် ရပ်တည်ခဲ့သလို ပြီးခဲ့သည့်ရာသီက ပက်ဂွါဒီယိုလာရဲ့အသင်းနောက် ၂ မှတ်အကွာမှာ ရှိနေခဲ့ပါတယ်။ ဂွါဒီယိုလာက လာမယ့်နွေရာသီတွင် အီတီဟတ်တွင် စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆွဲဆောင်မှုအား အဆုံးသတ်ရန် မျှော်လင့်ထားပြီး အာတီတာက အာဆင်နယ်ရှိ သူ့ရဲ့အနာဂတ်နှင့် ပတ်သက်၍ မသေချာမရေရာမှုများရှိကြောင်းလည်း လက်ခံခဲ့ပါတယ်။
၂၀၂၄-၂၅ ရာသီကို ကျော်လွန်ပြီး အာဆင်နယ်မှာ ဆက်ရှိနိုင်မလား မေးတော့ အာတီတာက CNN သို့ "ဘောလုံးမှာ ဒီနေ့အကြောင်း ဒီနေ့ လုပ်ရမယ့်အရာနဲ့ မနက်ဖြန် ဘာလုပ်မယ်လို့ မျှော်လင့်ထားရမှာပါ" "နည်းပြအလုပ်မှာ ဒီလိုမသေချာမရေရာမှုတွေ ရှိနေတာက တော်တော်အထောက်အကူဖြစ်မယ်ထင်တယ်။ အနည်းဆုံးတော့ အဲဒါက ကျွန်တော့်ကို လှုံ့ဆော်ပေးပါတယ်။ အဲဒါက ကျွန်တော့်ကို ထပ်သွားဖို့ ဆာလောင်နေစေပါတယ်" "ကျွန်တော်တို့ ဘောလုံးအသင်းမှာ လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော် ရောက်နေတဲ့နေရာမှာ တကယ်ပျော်တယ်၊ အရာရာတိုင်းက သူတို့ကိုယ်သူတို့ ဂရုစိုက်ပါလိမ့်မယ်" လို့ ဖြေပါတယ်။
အာတီတာဟာ လာမယ့်ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ရရှိနိုင်ဖို့ စီစဉ်နေပြီး ၂၁ နှစ်ကြာ ရပ်တန့်နေတဲ့ အာဆင်နယ်အသင်းရဲ့ လိဂ်ဖလားကို စောင့်ဆိုင်းနေခြင်းကို အဆုံးသတ်ရန် အရှိန်အဟုန်ရှိနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
"ကျွန်တော်တို့ နောက်တစ်ကြိမ် လုပ်မှာပါ။ အဆုံးသတ်အားလုံး၊ အသင်းလိုက်၊ ဘောလုံးအသင်းမှာ ရှိနေတဲ့ လုပ်ငန်းစဉ်တွေ၊ နည်းစနစ်တွေ အထူးသဖြင့် ကျွန်တော်တို့ရဲ့ ကစားသမားတွေကို ပိုကောင်းအောင်၊ ပြိုင်ဆိုင်မှု ပိုရှိအောင်၊ ပိုပြီး လိုက်လျောညီထွေဖြစ်အောင် သူတို့ကို အဆင့်မြှင့်တင်ပြီး အရင်ကထက် ပိုကောင်းအောင်လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ရရှိအောင်လုပ်မှာပါ" "အသင်းမှာ ရှိပြီးသားအရာတွေနဲ့ပဲ အာရုံစိုက်ရမယ် ထင်ပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ် ပိုကောင်းအောင်လုပ်မလဲဆိုတာကိုပေါ့" "အဆုံးသတ်တွေရှိသလို ဖွံ့ဖြိုးပြီး ပိုကောင်းအောင် လုပ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ အဲဒါက ကျွန်တော်တို့မှာရှိတဲ့ ရည်မှန်းချက်ပါ" "ကျွန်တော်တို့လုပ်မယ့် ဆုံးဖြတ်ချက်တိုင်းက ကျွန်တော်တို့က ဘယ်သူလဲဆိုတာ မဆုံးရှုံးဘဲ ဘောလုံးအသင်းတစ်သင်းအနေနဲ့ ရပ်တည်နေတဲ့အရာအားလုံးက အသင်းအတွက် ပိုကောင်းအောင်လုပ်ဖို့ပါပဲ" "ရည်မှန်းချက်က ရှိပါတယ်။ ကစားသမားတွေ၊ ဝန်ထမ်းတွေမှာ ရှိပါတယ်။ ဒါကို အားလုံးလည်း သိမှာပါ။ သူတို့က အများကြီး ပိုလိုချင်ပါတယ်။ သူတို့က ဆုဖလားတွေ စတင်ရယူလိုနေပြီး အဲဒါက နောက်တစ်ဆင့်ပါ"လို့ အာတီတာက ပြောပါတယ်။
မန်စီးတီးဟာ ပရီးမီးယားလိဂ်ဖလားကို စောစောစီးစီးရယူရန် ရေပန်းအစားဆုံးအသင်းဖြစ်ပြီး ဂွါဒီယိုလာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီက စတုတ္ထကြိမ်ဆက်တိုက်ဆုဖလားကို စံချိန်တင်ရယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ချန်ပီယံတွေကို နောက်ကောက်ချနိုင်မယ်လို့ မျှော်လင့်နိုင်မလားလို့ မေးမြန်းရာမှာ အာတီတာက "သူတို့ထက် ပိုကောင်းအောင်လုပ်ရမှာပါ။ ကျွန်တော်တို့က ပိုနီးစပ်ပါတယ်။ တိုင်းတာမှုအားလုံးကို မြင်တဲ့အခါ ကျွန်တော်တို့က အဲ့ဒီနေရာမှာ ရှိနေပါတယ်" "ဒါပေမယ့် ကျွန်တော်တို့ ကောင်းကောင်းမထိန်းနိုင်တာကြောင့် ဆုဖလားနဲ့လွဲခဲ့ရတာပါ" "ဒါဟာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် သူတို့ထက် ပိုကောင်းအောင်ကြိုးစားဖို့ ပြီးခဲ့တဲ့ ၇ နှစ်၊ ၉ နှစ်အတွင်းမှာ ဒီလိုအရည်အသွေးနဲ့ လိုက်လျောညီထွေရှိတဲ့ အသင်းတစ်သင်းရှိရတာက အရမ်းအားရစရာကောင်းပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုက တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပေါ့" လို့ ဖြေပါတယ်။