The network connection is lost.

Banner Image

ဇန်နဝါရီအပြောင်းအရွှေ့အတွက် ဥရောပအသင်းကြီးတစ်သင်းထံ ဆက်သွယ်လိုက်တဲ့ ယူနိုက်တက်

ဘောလုံးသမိုင်းက ဈေးကြီးအဆုံကစားသမားတွေထဲတစ်ဦးကို အငှားဖြင့် ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်ဟာ ပီအက်စ်ဂျီထံသို့ တိုက်ရိုက်ဆက်သွယ်လိုက်တာပဲဖြစ်ပါတယ်။

နည်းပြသစ် အမ်မိုရင်ဟာ အိုးထရက်ဖို့ဒ်တွင် နှစ်နှစ်ခွဲကြာ ရှိခဲ့စဉ်က ပေါင်သန်း ၆၀၀ ကျော် အသုံးပြုခဲ့သော တန်ဟက်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်သော ဘတ်ဂျက်ကိုသာ ရရှိထားတာဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်းတွင် ယူနိုက်တက်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တွင် အခွင့်အရေးတစ်ခုမရရှိပါက တက်ကြွဖွယ်မရှိပါဘူးလို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ သို့သော်လည်း အမ်မိုရင်ဟာ အသင်းအတွက် မရှိနေတဲ့ အလားအလာများကို မြှင့်တင်ရန်အတွက် တာဝန်ပေးခြင်းခံလိုက်ရပါတယ်။

ဒါပေမယ့် ယူနိုက်တက်က ပီအက်စ်ဂျီနဲ့ ဆက်သွယ်ပြီး ကိုလိုမူအာနီကို ဇန်နဝါရီလမှာ အငှားနဲ့ ခေါ်ယူနိုင်ဖို့ အခွင့်အရေးတစ်ခုကို ပြသလိုက်တာပါ။ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတွင် ဖရန့်ဘတ်မှ လီဂူးဝမ်းကလပ်သို့ ပေါင် ၆၄.၂ သန်းအပြင် အပိုဆုကြေး ပေါင် ၁၂.၂ သန်းဖြင့်ရောက်တာတဲ့ မူအာနီဟာ ပီအက်စ်ဂျီမှာ ခြေစွမ်းပြသဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

ဒီရာသီမှာတော့ ပြင်သစ်နိုင်ငံသားဟာ ၁၂ပွဲကစား ၂ ဂိုးသာ သွင်းယူထားနိုင်ပေမယ့် ယူနိုက်တက်က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာဖြစ်ပါတယ်။ Le10sport ရဲ့ ဘားနက်ရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ မကြာသေးခင်ကမှ မူအာနီကို စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြီးသတ်ခေါ်ယူဖို့ ငွေကြေးမလုံလောက်တာကြောင့် ၂၀၂၄-၂၅ ရာသီဝက်မှာ အငှားဖြင့်ခေါ်ယူဖို့ စုံစမ်းနေတာဖြစ်ပါတယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။

"နှစ်ကုန်ပိုင်းအထိ ဆွေးနွေးမှုတွေကရှိနေမှာဖြစ်ပြီး ကစားသမားကတော့ လီဂူးဝမ်းမှာ ဆက်လက်တိုက်ပွဲဝင်မလား သူ့အပေါ် ယုံကြည်ဖွယ်ရှိနေတဲ့ အမ်မိုရင်လက်အောက်ဖြစ်တဲ့ အင်္ဂလန်သို့လာကာ စွန့်စားခန့်အသစ်ဖွင့်မလားဆိုတာ ရွေးချယ်ရမှာဖြစ်ပါတယ်" လို့ သတင်းမှာဖော်ပြထားပါတယ်။

Telefoot နှင့် အင်တာဗျူးမှာတော့ ပီအက်စ်ဂျီမှာပဲဆက်နေပြီး ပွဲထွက်ခွင့်အတွက် ဆက်လက်တိုက်ပွဲဝင်သွားချင်ပါတယ်လို့ မူအာနီက ပြောကြားခဲ့ပါတယ်။ အသင်းပြောင်းဖို့ အလားအလာနှင့်ပတ်သက်ပြီး‌ မေးမြန်းရာတွင် "အဲ့ဒီအကြောင်းတွေကို မစဉ်းစားထားပါဘူး"

"စိတ်ဓာတ်တော့မြှင့်ထားရမှာပါ။ ကြိုးစားဖို့က ကျွန်တော့်အပေါ်သာ မူတည်ပြီး ဒါမှလည်း နည်းပြရဲ့ ယုံကြည်မှုကို ရလာမှာပါ။ ဒါဟာ ကျွန်တော့်ရဲ့ အကြောင်းပါပဲ။ ကျွန်‌တော်ဟာ အမြဲတမ်းကြိုးစားသူဖြစ်ပြီး လွယ်ကူမှုတော့ မရှိပါဘူး။ မလွယ်ကူလို့လည်း လက်မလျော့ချင်ပါဘူး။ လက်လျော့လိုက်ရင်တော့ ပြီးသွားမှာဖြစ်ပြီး နိမ့်ကျသွားမှာပါ" လို့ မူအာနီက ပြောပါတယ်။