The network connection is lost.

Banner Image

ခန္ဓာကိုယ်ကိုအတိုင်းသား မြင်ရတဲ့ ဝတ်စုံနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ အလန်ရှီးယားရဲ့ သမီး ဟိုလီ

နယူးကာဆယ်ဂန္တဝင်ကြီး အလန်ရှီးယားရဲ့ သမီးဟိုလီကတော့ သူ့ရဲ့ဆိုရှယ်မီဒီယာက နောက်ဆုံးပုံနဲ့ ပရိသတ်တွေကို ဖမ်းစားသွားပြန်ပါတယ်။ အဆိုတော်၊ မော်ဒယ်တစ်ယောဖြစ်တဲ့ ဟိုလီဟာ Pretty Little Thing အတွက် ဓာတ်ပုံရိုက်ကွင်းက ပုံတစ်ချို့ကိုလည်း သူမရဲ့ကိုယ်ပိုင်အကောင့်မှာ တင်ခဲ့ပါသေးတယ်။


အင်စတာဂရမ်က ပုံတစ်ချို့မှာတော့ ခန္ဓာကိုယ်အပေါ်ကို လှစ်ဟပြထားတဲ့ အင်္ကျီရယ် ဂျင်းဘောင်းဘီရယ်နဲ့ ကားထဲမှာ ရိုက်ထားတဲ့ ပုံလေးတွေလည်း ပါဝင်ပါတယ်။ ဟိုလီရဲ့အကောင့်ထဲက အင်စတာဂရမ် follower တွေကတော့ ဒီပုံတွေကို သဘောကျနေကြပါတယ်။

တစ်ယောက်ဆိုရင် “အင်္ကျီက အသက်ပဲ မင်းကနတ်သမီးလေး ဖြစ်နေတာလည်း ပါတာပေါ့ ” နောက်တစ်ယောက်ကလည်း “မင်းမှာ အရမ်းလှတဲ့ မျက်လုံးတွေရှိတာပဲ”နောက်တစ်ယောက်ကလည်း “လုံးဝကို ပြီးပြည့်စုံအောင် လှနေတာပဲ”ဆိုပြီး ချီးကျူးခဲ့ကြပါတယ်။ ဟိုလီဟာ spotify မှာလည်း လစဉ်နားထောင်သူ ၁၅၀၀၀ ရှိတဲ့ ကန်းထရီးအဆိုတော် တစ်ဦးဖြစ်ပါတယ်။