The network connection is lost.

Banner Image

ကာလာဖီအိုရီ အပြောင်းအရွှေ့မှာ ကြန့်ကြာနေတဲ့ အာဆင်နယ်

အီတလီကလာတဲ့သတင်းတွေအရ အာဆင်နယ်နဲ့ ဘိုလော့ဂ်နာတို့ကြား ကာလာဖီအိုရီအတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှုမရတာကြောင့် ကြန့်ကြာနေတယ်လို့ သိရပါတယ်။

အာတီတာဟာ အခုအပြောင်းအရွှေ့မှာ အီတလီသားကို ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပြီး ဘိုလော့ဂ်နာနဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ ဘိုလော့ဂ်နာက အခုချိန်မှာတော့ အာဆင်နယ်ရဲ့ပေါင် ၃၃ သန်း + အပိုဆုကြေးပေါင် ၄ သန်း တန်ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီလို့ သိရပါတယ်။

အာဆင်နယ်ဟာ ကစားသမားနဲ့ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်ကာ ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ရင် အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ ဘိုလော့ဂ်နာနဲ့ ဘေဆယ်တို့ကြား ကာလာဖီအိုရီရဲ့ပြန်လည်ရောင်းချခွင့် % ကို ဆွေးနွေးနေတာ အဆင်မပြေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘေဆယ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ကာလာဖီအိုရီကို ယူရို ၄ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး တကယ်လို့ပြန်လည် ရောင်းချခဲ့မယ်ဆိုရင် ရောင်းချမှုကနေ ၅၀% ပေးရမယ်လို့ စာချုပ်ထဲမှာ ထည့်သွင်းထားပါတ်ယ်။ ဘိုလော့ဂ်နာက အဆိုပါအချက်ကို သဘောမကျဖြစ်နေပြီး ကစားသမားက ဆွစ်အခြေစိုက်အသင်းမှာ ၁ နှစ်သာ အချိန်ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။
သတင်းတွေအရ ကာလာဖီအိုရီ အပြောင်းအရွှေ့ဟာ ဘေဆယ်ရဲ့တောင်းဆိုမှုကို တင်းခံနေတာကြောင့် ကြန့်ကြာနေပြီး ၅၀% ကိုသာ အလိုရှိနေတယ်လို့ သိရရပါတယ်။ ဘိုလော့ဂ်နာက ယူရိုအပြီးမှာ ကာလာဖီအိုရီအပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အခုတော့ အီတလီကလပ်မှာပဲ ရာသီကြိုခရီးစဉ်အတွက် ပြင်ဆင်ရဖွယ်ရှိနေပါတယ်။

အာဆင်နယ်ကလည်း ကစားသမားအချို့နဲ့ရာသီကြိုခရီးစဉ်အတွက် ပြင်ဆင်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့မှာ အာဆင်နယ်အသင်းသားတွေဟာ အမေရိကမြေကို ရာသီကြိုခရီးစဉ်ထွက်ခွာမှာဖြစ်ပါတယ်။