The network connection is lost.

Banner Image

မန်စီးတီးရဲ့ကစားကွက်ကို ပုံတူကူးချစရာမလိုဘူးလို့ ယူဆထားတဲ့ အာဆင်နယ်နောက်ခံလူဇင်ချန်ကို

အာဆင်နယ်အနေဖြင့် အောင်မြင်မှုတွေကို ရှာဖွေရာမှာ ပြိုင်ဘက်အသင်းတစ်ခုရဲ့ကစားဟန်ကို ပုံတူကူးချဖို့ မလိုပါဘူးလို့ ဘယ်အစွန်နောက်ခံကစားသမား ဇင်ချန်ကိုက ပြောလိုက်ပါတယ်။

ဂန်းနားတွေက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုလုံးမှာ ပရီးမီးယားလိဂ်ဒုတိယနေရာနဲ့ပဲ ရာသီသိမ်းခဲ့ရပါတယ်။ ဒါပေမယ့် သူတို့တွေက အဲ့ဒီဘောလုံးရာသီတွေမှာ လေးကြိမ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးရဲ့ နောက်ကောက်ချမှုကို ခံစားခဲ့ရတာပါ။

ဇင်ချန်ကိုက “ကျွန်တော်တို့တွေ မန်စီးတီးလိုအသင်းမျိုးကို ပုံတူကူးချဖို့ လိုအပ်နေတယ်လို့ မထင်မြင်မိပါဘူး။ အမှန်ပါပဲ၊ လက်ရှိအချိန်မှာတော့ သူတို့တွေက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း သူတို့ရရှိပိုင်ဆိုင်ခဲ့တဲ့ ဆုဖလားတွေနဲ့ မှတ်တမ်းတွေကို ပြန်ကြည့်လိုက်မယ်ဆိုရင် အံ့ဖွယ်ကောင်းလွန်းလှပါတယ်။ အကောင်းဆုံးအသင်းကို အမြဲမျှော်ကြည့်နေရမယ်ဆိုပေမယ့် ပုံတူကူးချစရာတော့ မလိုပါဘူး။ ကျွန်တော်တို့တွေ သူတို့ရဲ့အထက်မှာ ရှိနေဖို့ပဲ လိုအပ်ပါတယ်။ အာဆင်နယ်အသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေပါတယ်။ အာဆင်နယ်လည်း အနီးစပ်ဆုံးအနာဂတ်မှာ ကောင်းမွန်တဲ့အရာတွေ အများကြီးရရှိနိုင်မယ်လို့ ယုံကြည်မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။