
တီယာနေးအတွက် ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်တဲ့အကြောင်း အတည်ပြုခဲ့တဲ့ အာဆင်နယ်
ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ပွဲကို ရာနှုန်းပြည့် နိုင်ပွဲရထားပေမဲ့ ပွဲစဉ် (၃) အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်တွင် သရေ ရလဒ်ထွက်ပေါ်ကာ ရမှတ်တစ်မှတ် လေလွင့်ခဲ့တဲ့ အာဆင်နယ်အသင်းက နောက်တန်းအစွန်ကစားသမား တီယာနေးအတွက် ရီးရဲလ်ဆိုစီဒက်အသင်းရဲ့ အငှားခေါ်ယူရန် ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်တဲ့အကြောင်း အတည်ပြုထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။
ကီဗင်တီယာနေရဲ့ အဆိုပါ အငှားပြောင်းရွှေ့ကြေးမှုကနေ အာဆင်နယ်အသင်းက ရီရဲလ်ဆိုစီဒက်အသင်းကနေ ငှားရမ်းခ ပေါင် ၁.၂သန်း ရသွားမှာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ပွဲစဉ်များတွင် ပြီးခဲ့တဲ့တစ်နှစ်တာကာလပတ်လုံး ပါဝင်ပေးနိုင်မှု နည်းပါးခဲ့တဲ့ တီယာနေးအနေဖြင့် လာလီဂါပြိုင်ပွဲကို အငှားသွားရောက်ကစားရန် သေချာသွားခဲ့ပြီလည်း ဖြစ်ပါတယ်။
နည်းပြ အာတီတာက ကွင်းလယ်တွင် နေရာရယူကာ ကစားဖော်တွေနဲ့ တွဲဖက်ကစားတတ်တဲ့ အလက်ဇန္ဒားဇင်ချန်ကိုအား ပြီးခဲ့တဲ့နှစ် ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ခေါ်ယူခဲ့မှုက တီယာနေးရဲ့ ပွဲထွက်ခွင့်ကို နည်းပါးလာစေခဲ့တာလည်း ဖြစ်ပါတယ်။ တီယာနေးအနေဖြင့် အာဆင်နယ်အသင်းကို ရောက်စနှစ်တွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး နည်းပြ မီခေးအာတီတာရဲ့ ကစားဟန်နဲ့ လိုက်ဖက်မှုအားနည်းတာကြောင့် စကော့တလန် နောက်တန်းအစွန်လူအနေဖြင့် တိုမီယာ၊ တင်ဘာ၊ ကီဝီယော တို့ကစားနိုင်တဲ့ အစွန်နေရာမှာ ပုံမှန် ကစားခွင့် ပိုပြီးနည်းပါးလာနိုင်တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းက ရှေ့လာမယ့်အပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပြီးခဲ့တဲ့သီတင်းပတ်မှာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ကစားထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာပဲ ဖြစ်ပါတယ်။