The network connection is lost.

Banner Image

မက်ဆီကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်လိုက်တဲ့ အာဂျင်တီးနားအားကစားဝန်ကြီး ဂါရို

ပြင်သစ်အသင်းအကြောင်း သီချင်းသီဆိုခဲ့တာနဲ့ပတ်သက်ပြီး မက်ဆီကို ဝေဖန်ခဲ့မိတာနဲ့ပတ်သက်ပြီး အာဂျင်တီးနားအားကစားဝန်ကြီး ဂါရိုက တောင်းပန်လိုက်ပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ လူမျိုးရေးခွဲခြားတဲ့သီချင်းသီဆိုမှုကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ အဆိုပါဗီဒီယိုကလစ်ကို ဖာနန်ဒက်ဇ်က တင်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးအသင်းဖော် ဖိုဖာနာကလည်း အန်ဇိုကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါသီချင်းကို အာဂျင်တီးနားပရိသတ်တွေက သီဆိုခဲ့တာဖြစ်ပြီး ပြင်သစ်နဲ့ လူမည်းကစားသမားတွေကို လူမျိုးရေးခွဲခြားတဲ့စာလုံးတွေပါဝင်နေတာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းက အဆိုပါသီချင်းကို သီဆိုခဲ့ပြီးနောက် မက်ဆီလည်း ပါဝင်ခဲ့ကာ ဂါရိုက တောင်းပန်စကားပြောဆိုဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဂျင်တီးနားသမ္မတ ဂျာဗီးယားကတော့  ဂါရိုကို ထုတ်ပယ်ခဲ့ပြီဖြစ်ကာ ကြေညာချက်ထဲမှာ “အာဂျင်တီးနားအသင်းကို အခုလိုမျိုးဘယ်သူမှပြောခွင့်မရှိပါဘူး။ ဂါရိုတစ်ယောက် အခုလိုမျိုးပြောဆိုခဲ့လို့ အထုတ်ခံခဲ့ရတာပါ”လို့ ပါဝင်ခဲ့ပါတယ်။ ဂါရိုက အာဂျင်တီးနားရဲ့လုပ်ရပ်ဟာ နိုင်ငံကိုဆိုးဝါးတဲ့နိုင်ငံတစ်ခုအဖြစ် မြင်စေတယ်လို့ ယုံကြည်နေပါတယ်။ “မက်ဆီအနေနဲ့ အခုဖြစ်ရပ်အတွက် လူရှေ့ထွက်လာပြီး တောင်းပန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဂါရိုက ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ချဲလ်ဆီးစတား အန်ဇိုတစ်ယောက် အဆိုပါဗီဒီယိုနဲ့ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့ပါတယ်။

“ကျွန်တော့်အင်စတာဂရမ်က ဗီဒီယိုနဲ့ပတ်သက်ပြီး တောင်းပန်ချင်ပါတယ်။ ဒီသီချင်းမှာ လူမျိုးရေးခွဲခြားတာတွေပါဝင်နေပါတယ်။ ဒီစကားလုံးတွေက ခွင့်လွှတ်လို့မရပါဘူး။ ကိုပါအမေရိဖလားအောင်ပွဲခံပုံနဲ့ပတ်သက်ပြီး တောင်းပန်ချင်ပါတယ်။ ဒီဗီဒီယို ဒီအခိုက်အတန့်နဲ့ ဒီစကားလုံးတွေက ကျွန်တော့်စရိုက်လက္ခဏာမဟုတ်ပါဘူး။ ကျွန်တော် တကယ်ကိုတောင်းပန်ချင်ပါတယ်”လို့ အန်ဇိုက  ပြောကြားခဲ့ပါတယ်။