The network connection is lost.

Banner Image

ပီရူးနဲ့ပွဲမှာ ပါဝင်လာဖွယ်မရှိတဲ့ အာဂျင်တီးနားစတား မက်ဆီ

အာဂျင်တီးနားအသင်းကတော့ ၂ ပွဲ အနိုင်ရပြီးနောက် နောက်တစ်ဆင့်တက်ဖို့ သေချာနေခဲ့ပြီဖြစ်ကာ မက်ဆီကို လာမယ့်ပီရူးနဲ့ပွဲမှာ အနားပေးဖို့ ပြင်ဆင်နေပါတယ်။ အခုအပတ်ထဲမှာ အသက် ၃၇ နှစ်ပြည့်ခဲ့တဲ့မက်ဆီဟာ ကြွက်သားဒဏ်ရာ အနည်းငယ်ရရှိနေပြီး ချီလီကို အနိုင်ရခဲ့တဲ့ပွဲအတွင်း ပေါင်ဒဏ်ရာကို ကုသမှုခံယူခဲ့ရပါတယ်။

ဒါပေမယ့် မက်ဆီဟာ အဆိုပါပွဲကို မိနစ် ၉၀ ပြည့်ပါဝင်ခဲ့ပြီး အဝေးကန်ချက်တစ်ကြိမ်က တိုင်ထိထွက်ခဲ့တာဖြစ်ပါတယ်။ “အဲ့တာက ကျွန်တော့်ကိုအနည်းငယ်တော့ စိတ်ပျက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်အဆုံးသတ်မတိုင်ခင်အထိ ဆက်နေနိုင်ခဲ့ပါတယ်။ ဘာမှကြီးကြီးမားမားမဖြစ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်ရွှေ့တောင်မရွှေ့နိုင်ပါဘူး။ လာမယ့်စနေနေ့မှာကန်မယ့် ပီရူးနဲ့ပွဲမှာတော့ အရန်ခုံထိုင်ရဖို့များပါတယ်။ လာမယ့်ရက်အနည်းငယ်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရပါမယ်။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်ခဲ့ပြီဖြစ်တာကြောင့် စိတ်အေးအေးထားပါတယ်။  ပွဲအများကြီးကန်ရဦးမှာဖြစ်တာကြောင့် အများကြီးခရီးသွားရဦးမှာပါ”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။

ကနေဒါကို ၂-၀ နဲ့ အနိုင်ရခဲ့ပြီးနောက် အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိကချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရေပန်းစားနေဆဲဖြစ်ပါတယ်။ ကနေဒါနဲ့ ပွဲမတိုင်ခင် အာဂျင်တီးနားအသင်းဟာ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီး ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ဆက်တိုက်ပြသနေတာဖြစ်ပါတယ်။ စကာလိုနီကလည်း မက်ဆီကို လာမယ့်ပီရူးနဲ့ပွဲမှာ အနားပေးမယ်လို့ ပြောကြားခဲ့ကာ ကွာတားဖိုင်နယ်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝအောင် လုပ်ဆောင်ပေးထားမယ်လို့ ဆိုပါတယ်။

မက်ဆီဟာ ၂၀၂၁ တုန်းက အာဂျင်တီးနားအသင်းကို ကိုပါအမေရိကချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။