
အိုနာနာကို ယူနိုက်တက်ထံမှ ပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အင်တာမီလန်
အင်တာမီလန်ဟာ မန်ချက်စတာယူနိုက်တက်သို့ပြောင်းရွှေ့သွားခဲ့တဲ့ အသင်းရဲ့ဂိုးသမားဟောင်း အန်ဒရေအိုနာနာကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ အိုနာနာအနေနဲ့လည်း အာဆင်နယ်ကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အသင်းရဲ့လူစာရင်းမှ ချန်လှပ်ခံခဲ့ရတာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး သတင်းတွေအမျိုးမျိုးထွက်ပေါ်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း အိုနာနာကိုရောင်းချပြီး ဂိုးသမားသစ်တစ်ဦးထပ်မံခေါ်ယူဖို့ ဈေးကွက်အတွင်း ရှာဖွေမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။
ယူနိုက်တက်ဟာ အိုနာနာကို ၂၀၂၃ ခုနှစ်မှာ အင်တာမီလန်မှ ပြောင်းရွှေ့ကြေးပေါင် ၄၇.၂ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ဂိုးသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ လက်စွမ်းပြဖို့ရုန်းကန်ခဲ့ရပြီး ပရိသတ်ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ထားရတာဖြစ်ပါတယ်။ လက်ရှိ အသင်းရဲ့နံပါတ် ၁ ဂိုးသမားဟာ ယန်းဆွန်မားဖြစ်ပေမယ့် အင်တာမီလန်ဟာ အိုနာနာကိုပြန်လည်ခေါ်ယူပြီး ဂိုးပေါက်ကို ထပ်မံအင်အားဖြည့်တင်းလိုနေတယ်လို့ အီတလီသတင်းတွေက ဖော်ပြထားပါတယ်။
တစ်ချိန်တည်းမှာပဲ အင်တာမီလန်ဟာ ရွိုင်ရယ်အန့်ဝက်ပ်ဂိုးသမား ဆန်နီလမ်မန်စ်ကိုလည်း ပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ လမ်မန်စ်ကို ယူနိုက်တက်ကလည်းခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင့် အင်တာမီလန်အနေနဲ့ အိုနာနာကိုခေါ်ယူနိုင်မယ်ဆိုပါက လမ်မန်စ်ကိုလက်လွှတ်သွားမှာဖြစ်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အိုနာနာအနေနဲ့ အဆိုပါပွဲစဉ်မှာ ပွဲထွက်ပါဝင်ခွင့်ရဖို့ မသေချာသေးပါဘူး။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲစဉ်မှာ အမှားပြုလုပ်မိခဲ့တဲ့ အယ်လ်တေးဘယင်ဒါအနေနဲ့ ဖူလ်ဟမ်နဲ့ပွဲမှာလည်း ပွဲထွက်ဂိုးသမားအဖြစ် ဆက်လက်ပါဝင်လာဖို့ အခွင့်အရေးရှိနေပါတယ်။