The network connection is lost.

Banner Image

ရီးရဲလ်ကနေထွက်ခွာဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တဲ့ အန်ဆယ်လော့တီ

သတင်းတွေအရ ရီးရဲလ် နဲ့ အန်ဆယ်လော့တီတို့ကြား ၂ ဦးသဘောတူလမ်းခွဲဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ် နဲ့ အန်ဆယ်လော့တီတို့ကြား ဆွေးနွေးမှုက သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကာ ဘရာဇီးအသင်းနည်းပြဖြစ်လာနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသင်းကနေထွက်ခွာမှုကို ၂ ဦးသဘောတူညီမှုရရှိခဲ့ပြီဖြစ်သလို ငွေပေးချေမှုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ နည်းပြ နဲ့ အသင်းကြား ဆွေးနွေးမှုတွေရှိနေပြီး ရာသီမကုန်ခင်မှာ တရားဝင်ထုတ်ပြန်ဖွယ်ရှိနေပါတယ်။ အလွန်ဆိုက အန်ဆယ်လော့တီနေရာမှာ အစားဝင်မယ်လို့ သတင်းထွက်နေပြီး လာမယ့်ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ခန့်အပ်ဖို့ ပြင်ဆင်နေပါတယ်။

အန်ဆယ်လော့တီကလည်း ဧပြီလကတည်းက ဘရာဇီးအသင်းနဲ့ ချိတ်ဆက်နေပေမယ့် အပြောင်းအရွှေ့က ပျက်ပြယ်ခဲ့သေးတာဖြစ်ပါတယ်။ မက်ဒရစ်အသင်းဟာ အခုအပတ်မှာ ဘာစီလိုနာနဲ့ အယ်လ်ကလက်ဆီကိုပွဲရင်ဆိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာ ဘာစီလိုနာက ၄ မှတ်ကွာဟနေပါတယ်။ လာလီဂါချန်ပီယံဖြစ်ဖို့ဆိုရင် ရီးရဲလ်အနေနဲ့ အဆိုပါပွဲမှာ ဘာစီလိုနာကို အနိုင်ကန်ဖို့ လိုအပ်နေပါတယ်။