
မက်ဆီ ၊ ဆွာရက်ဇ် နဲ့ ဘက်စ်ကွက်တို့ဆီကနေ အပျော်သဘောတောင်းဆိုခံရကြောင်း ဘက်ခမ်း ထုတ်ဖော်ပြောကြား
အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဘက်ခမ်းက သူ့အနေနဲ့ ဘာစီလိုနာစတားတွေဆီကနေ ပျော်ပွဲရွှင်ပွဲအတွက် တောင်းဆိုခံရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတ်။ ဘက်ခမ်းဟာ အင်တာမိုင်ယာမီအသင်းထံ မက်ဆီ ၊ ဆွာရက်ဇ် နဲ့ ဘက်စ်ကွက်တို့ကို ခေါ်ယူထားပေးပြီး မေဂျာလိဂ်ချန်ပီယံဖြစ်ဖို့ မျှော်လင့်နေပါတယ်။ ယူနိုက်တက်စတားဟောင်းအနေနဲ့ သူ့ရာထူး နဲ့တာဝန်ကနေ ကြိုးစားနေသလို လေ့ကျင့်ခန်းအစီအစဉ်မှာပါ ပါဝင်ဆင်နွှဲရလေ့ရှိတာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ ဘက်ခမ်းက “ဘာလဲဆိုတာ ခင်ဗျားသိလား။ သူတို့ လီယိုနဲ့ အသင်းဖော်တွေက ကျွန်တော့်ကို တောင်းဆိုလေ့ရှိပါတယ်။ သူတို့ ကျွန်တော့်ပတ်လည်မှာလာရောက်ပြီး လုပ်စမ်းပါ လုပ်စမ်းပါ။ ငါတို့နဲ့လာပူးပေါင်းပါဆိုပြီး ပြောလေ့ရှိပါတယ်။ နည်းပြ မာရှေးယာနိုကိုလည်း မနှောက်ယှက်ပဲ လုပ်ဆောင်လေ့ရှိနေပါတယ်။ ပျော်စရာတွေက နောက်တစ်နေ့မှာ Adidas အတွက် ဘောလုံးကန်ရပါတယ်။ အဲ့နောက် ကျွန်တော့် Predator ဖိနပ်အတွက် ရုပ်သံရိုက်ရပါတယ်။
ကျွန်တော် ဖရီးကစ်အချို့လည်း လုပ်ရပါတယ်။ အဝေးဘောပေးပို့မှုလည်း အနည်းငယ်လုပ်ရပါတယ်။ ကျွန်တော် အဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ကျွန်တော် အဲ့တာကို မပြောချင်ပေမယ့် ကျွန်တော် ကြီးပြင်းတဲ့ခေတ်မှာ ကျွန်တော်သွေးပူလေ့ကျင့်ခန်းအများကြီးမလုပ်ခဲ့ရပါဘူး။ ဒါကြောင့် အခုလိုမျိုးကွင်းတစ်ဝက်လောက်အထိ ဘောလုံးအချို့သယ်ဆောင်တာ လုပ်လေ့မရှိပါဘူး။ ဂိုးထဲကို ဒေါင်ခနဲမြည်အောင် သွင်းတာ ဒါမှမဟုတ် ဂိုးဘားပေါ်ပေးရပါတယ်။ ကျွန်တော် အဲ့တာမျိုး ၅ ကြိမ် ၊ ၆ ကြိမ် နဲ့ ၇ ကြိမ်လောက်အထိရတတ်သလို ၈ ကြိမ်တော့ တခါရဖူးပါတယ်။ ရုပ်သံရိုက်တဲ့ကောင်လေးက ကျွန်တော့်ကို ပိုလုပ်ပြဖို့ပြောပေမယ့် ကျွန်တော်က ရပြီလို့ပြန်ပြောခဲ့ပါတယ်”လို့ ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။
ဘက်ခမ်းဟာ အင်တာမိုင်ယာမီအသင်းရဲ့ ၂၀၂၅ ရာသီတည်ဆောက်မှုအရှိန်အဟုန်ကို စောင့်ကြည့်နေပါတယ်။ မက်ဆီကတော့ ပြီးခဲ့တဲ့နောက်ဆုံး ၂ ပွဲကို အနားရခဲ့ပြီး လက်ရှိမှာတော့ အင်တာမိုင်ယာမီဟာ လက်ရှိရာသီသစ်မှာ ၅ ပွဲစလုံးမရှုံးအောင်ကစားထားနိုင်ပြီး ၄ ပွဲအနိုင်ရရှိထားခဲ့ပါတယ်။