The network connection is lost.

Banner Image

အံ့ဖွယ်ဘောလုံးရာသီမှာ ရာနှုန်းပြည့်အောင်ပွဲမရရှိခဲ့ခြင်းရဲ့အကျိုးဆက်ကို ရှင်းပြလိုက်တဲ့ အလွန်ဆို

လေဗာကူဆင်အသင်းနဲ့အတူ ဖလားသုံးလုံး အောင်ပွဲ မရယူနိုင်ခြင်းအတွက် ဖြစ်ပေါ်လာတဲ့ နာကျင်မှုက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ပိုမိုရရှိရန်ကြိုးပမ်းရေး တွန်းအားဖြစ်စေတယ်လို့ နည်းပြအလွန်ဆိုက ပြောလိုက်ပါတယ်။

၁၉၉၃ ခုနှစ် ဂျာမန်ဖလားချန်ပီယံဖြစ်ခဲ့ပြီးကတည်းက လေဗာကူဆင်အသင်းက အောင်မြင်မှုပန်းတိုင်ဆီ အနီးစပ်ဆုံးအထိရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဆုံးသတ်အောင်ပွဲ ရယူနိုင်ဖို့တော့ ရုန်းကန်ခဲ့ရပါတယ်။ အကြိမ်အခါပေါင်းများစွာ စွဲမက်ဖွယ်အောင်မြင်မှုပန်းတိုင်တွေနဲ့ လက်တစ်ကမ်းအလိုအထိ စွမ်းဆောင်နိုင်ခဲ့ပေမယ့် အဓိကဆုဖလားတွေ ရယူနိုင်ရေး ရုန်းကန်နေရမှုတွေကြောင့် ‘Neverkusen’ ဆိုတဲ့ အမည်ပြောင်ပါ မွေးဖွားလာခဲ့ပါတယ်။

ဒါပေမယ့် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာတော့ လေဗာကူဆင်က ဒီလိုကြမ္မာဆိုးစက်ဝိုင်းကြီးကို ချိုးဖျက်ဖောက်ထွက်နိုင်ခဲ့ပါတယ်။ လိဂ် ၂၉ ပွဲဆက် ရှုံးပွဲမရှိအောင် ကစားပြီးနောက် လေဗာကူဆင်က ၃၁ နှစ်ကြာ ဆုဖလားလက်မဲ့သမိုင်းကို အသင်းသမိုင်းတလျှောက်ပထမဆုံးအကြိမ် ဘွန်ဒက်စ်လီဂါချန်ပီယံဂုဏ်ပုဒ်ဖြင့် ရပ်တန့်ပစ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့တွေက အတ္တလန္တာနဲ့ ရင်ဆိုင်ရတဲ့ ယူရိုပါလိဂ်ဖလားဗိုလ်လုပွဲ၊ ကိုင်ဇာစလော့တန်နဲ့ရင်ဆိုင်ရတဲ့ ဂျာမန်ဖလားဗိုလ်လုပွဲအဆင့်တွေအထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးပြည့်စုံတဲ့ဘောလုံးရာသီတစ်ခုဖြစ်မြောက်ရေးရည်မှန်းချက်တွေက ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ လွတ်ခ်မန်းရဲ့ဟက်ထရစ်သွင်းဂိုးတွေနဲ့အတူ လွင့်မျောပျောက်ကွက်သွားခဲ့ပါတယ်။ တဖက်မှာလည်း အတ္တလန္တာက ၁၁၆ နှစ်ကြာအသင်းသမိုင်းကြောင်းမှာ ဒုတိယမြောက်အဓိကဆုဖလားအဖြစ် ယူရိုပါလိဂ်ချန်ပီယံဆုကို လက်ဝယ်ပိုင်ပိုင်ရယူသွားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် လေဗာကူဆင်က ပိုကယ်လ်ဖလားဗိုလ်လုပွဲမှာ ဇာခါရဲ့တစ်လုံးတည်းသော သွင်းဂိုးဖြင့် ပြိုင်ဘက်ကိုင်ဇာစလော့တန်ကို အနိုင်ယူကာ ဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်ရှုံးနိမ့်မှုက မကြုံစဖူးအောင်မြင်မှုတွေ ရယူနိုင်ဖို့အနီးစပ်ဆုံးအထိ စွမ်းဆောင်နိုင်ခဲ့တဲ့ အလွန်ဆိုနဲ့ ကစားသမားတွေအတွက် လက်ခံပေးဖို့ခက်ခဲနိုင်တဲ့ အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ မည်သို့ပင်ဆိုစေကာမူ စပိန်သားနည်းပြကတော့ ဒီရှုံးနိမ့်မှုဟာ သူ့ကို ပိုပြီးသန်မာလာစေမယ်လို့ ရှင်းပြခဲ့ပါတယ်။

CNN သတင်းဌာနနဲ့တွေ့ဆုံချိန် အလွန်ဆိုက “ဒါက ဘောလုံးလောကဖြစ်ပါတယ်။ ရှုံးနိမ့်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ဆိုတာ ကျွန်တော်တို့လုပ်ငန်းရဲ့ တစိတ်တဒေသဖြစ်ပါတယ်။ ဒါက ပထမဆုံးအကြိမ်မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပါဘူး။ အတ္တလန္တာနဲ့ပွဲစဉ်က ကျွန်တော့်ကို ဖလားသုံးလုံး ချန်ပီယံဖြစ်ခဲ့ရင်ရရှိလာမယ့်အတွေ့အကြုံထက် ပိုကောင်းတဲ့နည်းပြတစ်ဦး၊ ပိုကောင်းတဲ့ မန်နေဂျာတစ်ဦးဖြစ်လာအောင် လုပ်ပေးသွားပါလိမ့်မယ်။ ဒါကို ကျွန်တော်အလိုလိုသိနေတယ်ဆိုတာ သေချာပါတယ်။ မမေ့ပျောက်နိုင်စရာပွဲစဉ်တွေက အနာဂတ်မှာ အသုံးတည့်နိုင်တယ်ဆိုတာ သေချာပါတယ်။ လတ်တလောမှာတော့ နာကျင်ရပါတယ်။ အလွန်နာကျင်ရပါတယ်။ ဒါပေမယ့် ဒီအတွေ့အကြုံက ကျွန်တော့်ရဲ့တိုးတက်မှုလမ်းကြောင်းတွေအတွက် ဖလားသုံးလုံး အောင်မြင်မှုရရှိတာထက်တောင် ပိုအသုံးဝင်လိမ့်မယ်ဆိုတာ ခံစားမိနေပါတယ်”လို့ ပြောပါတယ်။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ပြင်ဆင်ချိန်၊ အခုရာသီလွဲချော်မှုတွေမှရရှိလိုက်တဲ့သင်ခန်းစာတွေက လေဗာကူဆင်အသင်းရဲ့မျှော်မှန်းချက်တွေအတွက် လောင်စာအဖြစ် သံသယဖြစ်ဖွယ်မရှိ ပြောင်းလဲသွားပါလိမ့်မယ်။