The network connection is lost.

Banner Image

လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ အီဆက် ထုတ်ဖော်ပြောကြား

နယူးကာဆယ်နည်းပြ ဟိုဝီက အကောင်းမမြင်ပေမယ့် တိုက်စစ်မှူး အီဆက်ကတော့ လာမယ့်လီဗာပူးနဲ့ပွဲမှာ သူ့အနေနဲ့ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ အီဆက်ဟာ ပဲလေ့စ်ကို ၁-၁ သရေကျခဲ့တဲ့ပွဲတုန်းက မစ်ချယ်နဲ့ထိခိုက်မိခဲ့ပြီး လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်သားဟာ ပဲလေ့စ်နဲ့ပွဲမတိုင်ခင် နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ပုံစံကောင်းရှာဖွေထားနိုင်ခဲ့တာဖြစ်ပါတယ်။

အခုအပတ်အင်တာဗျူးမှာ အီဆက်က သူ့အနေနဲ့ လီဗာပူးနဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝနေတယ်လို့ ပြောကြားခဲ့ပါတယ်။ “အဲ့တာက ထိခိုက်မှုရှိခဲ့တဲ့အနေအထားပါ။ အရမ်းမဆိုးဝါးတာက ကျွန်တော်တို့အတွက် သတင်းကောင်းပါ။ သူ့မကြာခင်မှာ ကြံ့ခိုင်မှုပြည့်ဝမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့ မသိသေးပါဘူး။

ဒီနေ့အထိတော့ သူလေ့ကျင့်ခန်းမဆင်းသေးပါဘူး။ ကာလရှည်ဒဏ်ရာလို့တော့ ကျွန်တော်မထင်ပါဘူး”လို့ ဟိုဝီက ဖြေကြားခဲ့ပါတယ်။ ဟိုဝီဟာ အီဆက်နေရာမှာ ဝီလ်ဆင်ရှိနေပေမယ့် ဂေါ်ဒွန်ကို တိုက်စစ်ပို့ပြီး ဟာဘေးဘန်းစ်ကို တောင်ပံထွက်စေခဲ့တာဖြစ်ပါတယ်။

အီဆက်ကို အခုရာသီအစောပိုင်းတုန်းက ဟိုဝီကိုယ်တိုင် အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်အဖြစ် ချီးကျူးခဲ့သေးတာဖြစ်ပါတယ်။ ဆွီဒင်သားရဲ့စွမ်းဆောင်ရည်ကောင်းတွေကြောင့် ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပါတယ်။