The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နည်းပြရာထူး သတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုလိုက်တဲ့ အလွန်ဆို

လေဗာကူဆင်နည်းပြ ဇာဘီအလွန်ဆိုဟာ လက်ရှိရီးရဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆယ်လော့တီရဲ့နေရာ အစားဝင်မယ့် ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး ငြင်းဆိုလိုက်ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အလွန်ဆိုရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေ ပိုများလာခဲ့တယ်။ ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အလွန်ဆိုဟာ လက်ရှိမှာ အန်ဆယ်လော့တီရဲ့ နည်းပြရာထူးကို ဆက်ခံနိုင်တယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ 

အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် အန်ဆယ်လော့တီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိလာတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေကို ပြောကြားရာမှာ အလွန်ဆိုက လက်ရှိ အာရုံစိုက်မှုဟာ လေဗာကူဆင်အသင်းမှာသာရှိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။  အလွန်ဆိုက"အနာဂတ်အကြောင်းပြောဖို့ အချိန်ကောင်းမဟုတ်ပါဘူး။ ကျွန်တော်တို့က ရာသီရဲ့ အရေးကြီးတဲ့အချိန်မှာရောက်နေပါတယ်။ ကျွန်တော်ကောလာဟလသတင်းတွေနဲ့ပတ်သက်ပြီး မပြောချင်ပါဘူး။ ဒီလိုတွေဖြစ်နေတယ်ဆိုတာကိုတော့ နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ လက်ရှိဖြစ်ပျက်နေတာက ပိုပြီးအရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိရာသီအကုန်မှာ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာသွားနိုင်တယ်လို့ သတင်းတွေထွက်နေပြီး စပိန်ဘုရင့်ဖလားနဲ့ လာလီဂါဖလားတွေကို မရရှိခဲ့ဘူးဆိုရင်တော့ ပိုပြီးသေချာသွားနိုင်ပါတယ်။  အန်ဆယ်လော့တီရော အလွန်ဆိုပါ ၂၀၂၆ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် စာချုပ်တွေရှိတာကြောင့် လာမယ့်ရာသီ ဘယ်သူက နည်းပြအဖြစ် တာဝန်ယူမလဲဆိုတာ မသေချာသေးပါဘူး။ ကောလာဟလတွေထွက်ပေါ်နေပေမဲ့လည်း အလွန်ဆိုဟာ တနင်္ဂနွေနေ့ စိန့်ပေါ်လီအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့် ဘွန်ဒက်လီဂါပွဲစဉ်အတွက် ပြင်ဆင်နေပါတယ်။