The network connection is lost.

Banner Image

အသင်းရဲ့ဂန္ထဝင်ကစားသမားကြီး ပြန်လည်ရောက်ရှိလာခြင်းရဲ့ ကြီးမားတဲ့ အကျိုးသက်ရောက်မှုကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ယူနိုက်တက်လူငယ်ကစားသမားလေး

တနင်္ဂနွေနေ့က ရိန်းဂျားစ်ကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုပွဲစဉ်တွင် ဟူဂဲလ်က အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက် ၂၀ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဝမ်းကလပ် ဘာတွန်အယ်လ်ဘီအွန်တွင် အငှားဖြင့် သွားရောက်ကစားခဲ့သော်လည်း ယခုအခါ ဟွိုက်လန်းနှင့် နွေရာသီကခေါ်ယူထားတဲ့ ကစားသမားသစ် ဇီကာဇီတို့နှင့်အတူ ပထမအသင်းတွင် ပါဝင်ရန် တွန်းအားပေးနေနိုင်ပြီဖြစ်ပါတယ်။ ပွဲအပြီးတွင် ဟူဂဲလ်က ရန်နီဟက်ကီနှင့်အတူ တန်ဟက်ရဲ့လက်ထောက်နည်းပြအသစ်အဖြစ် မကြာသေးမီက အိုးထရက်ဖို့ဒ်သို့ ပြန်လာခဲ့တဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းရဲ့ အကျိုးသက်ရောက်မှုကို ချီးကျူးခဲ့ပါတယ်။

"ကျွန်တော်တို့က ကန်သွင်းတဲ့လေ့ကျင့်မှု အနည်းငယ်လုပ်ထားပြီး အကြံဉာဏ်အနည်းငယ် ပေးထားပါတယ်"
"ဒါပေမယ့် အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြီးပြင်းလာတဲ့ ကျွန်တော်တို့လို ကစားသမားတွေအတွက် နစ္စတယ်ရွိုင်းက ဒီမှာ ကြီးမားတဲ့အရာအဖြစ် တည်ရှိနေတယ်ဆိုတာ သိသာပါတယ်။ သူ့ကို မေးခွန်းတွေမေးဖို့ အဆောက်အဦးထဲမှာထားရတာက ကြီးမားပါတယ်" လို့ ဟူဂဲလ်က ပြောပါတယ်။

နယ်သာလန်သားဆီကနေ ဘယ်လိုအကြံဉာဏ်မျိုးကို ယူခဲ့တာလဲလို့မေးရာတွင် ဟူဂဲလ်က "အတွင်း၊ အပြင်နေရာတွေအတွက်ပါ။ ဒီလိုနေရာတွေကမှာ ကျွန်တော်တို့သည် နေရာလွတ်တွေများနေပါတယ်။ ဒါကြောင့် အလုပ်နှုန်း ပြန်ကောင်းလာပါတယ" "ပြီးတော့ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ လုပ်စရာရှိတာကို အပိုင်လုပ်နိုင်စေပါတယ်။ အဲဒီ့မှာ ပြိုင်ဆိုင်ဖို့အတွက်ဖြစ်လာပြီဖြစ်ဆိုရင် စုဖွဲ့မှုကောင်းကောင်းနဲ့ ဂိုးရှေ့ကိုရောက်သွားနိုင်မှာပါ" လို့ ဖြေပါတယ်။

ထို့နောက် "အထူးသဖြင့် တိုက်စစ်မှူးတစ်ယောက်ဖြစ်နေချိန်မှာ ရာသီအစောပိုင်းမှာ ဂိုးသွင်းရတာက အရမ်းကြီးမားပါတယ်။ ပွဲတိုင်းကို ဂိုးသွင်းချင်ပေမယ့် တကယ့်လက်တွေ့မှာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရာသီကြိုမှာ စောစောစီးစီး ဂိုးရရှိတာက တကယ်ကို ကောင်းမွန်စွာ စတင်နိုင်ဖို့ ကူညီပေးပါတယ်" "ဒီနွေရာသီမှာ ကျွန်တော့်ရဲ့ပစ်မှတ်က အလုပ်ကြိုးစားဖို့၊ ကြံ့ခိုင်မှုအားကောင်းအောင်လုပ်ဖို့ နည်းပြနဲ့ အဖွဲ့ဝင်ကို အထင်ကြီးအောင်ကြိုးစားပြီး ဘာတွေဖြစ်လာမလဲဆိုတာကို ကြည့်ဖို့ပါပဲ" လို့ သူက ထပ်လောင်းပြောကြားထားပါတယ်။

နစ္စတယ်ရွိုင်းဟာ ၂၀၂၂-၂၃ ရာသီမကုန်မီ နယ်သာလန်ကလပ် ပီအက်စ်ဗွီကနေ ထွက်ခွာပြီးကတည်းက နည်းပြရာထူးကို ရယူခဲ့ခြင်းမရှိပါဘူး။ သို့သော် တန်ဟက်က နယ်သာလန်သားရဲ့ ကလပ်တွင် အလားအလာရှိတဲ့ သက်ရောက်မှုကို ပြန်လည်ပြောဆိုခဲ့ပြီး သူ့လက်ထောက်နည်းပြရဲ့ ကြီးမားတဲ့စွမ်းရည်ကို ထောက်ပြခဲ့ပါတယ်။

"သူဟာ ကစားသမားတစ်ဦးချင်းစီကို ကူညီပေးမှာဖြစ်ပေမယ့် အသင်းရဲ့လုပ်ဆောင်မှုအားလုံးမှာ ကူညီပေးမှာဖြစ်ကာ သေချာပေါက် တိုက်စစ်ဆင်ပြီး လိမ္မာပါးနပ်စွာနဲ့ တိုက်စစ်ဆင်သွားမှာပါ" လို့ တန်ဟက်က ပြောကြားခဲ့ပါတယ်။