The network connection is lost.

Banner Image

အန်ဖီးလ်မှာ စိတ်လှုပ်ရှားဖွယ်နိုင်ပွဲတစ်ခုကို ဖန်တီးယူနိုင်ခဲ့တဲ့ သရဲနီများ

လီဗာပူး ၁-၂ ယူနိုက်တက် (ပွဲပြီးရလဒ်)

အခုအန်ဖီးလ်ကွင်းအင်္ဂလန်ဒါဘီကတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပွဲအစပိုင်းမှာပဲ အမ်ဘွေမိုက ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့လို့ အိမ်ရှင်တို့ဖိအားဝင်သွားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ အိမ်ရှင်လီဗာပူးက လိုအပ်နေတဲ့သွင်းဂိုးတွေ ရှာဖွေနိုင်ဖို့ အပြင်းအထန်ကြိုးစားခဲ့သလို ဦးဆောင်ဂိုးရရှိထားတဲ့ယူနိုက်တက်ကလည်း မာမာထန်ထန်ပဲ တုံ့ပြန်သွားခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာ ဂတ်ပိုက အိမ်ရှင်တွေအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ အခုပွဲစဉ်အတွက်အဆုံးအဖြတ်အနိုင်ဂိုးကို မက်ဂွါရီရဲ့ခေါင်းတိုက်အဆုံးသတ်မှုမှတဆင့် ယူနိုက်တက်တို့ ရယူနိုင်ခဲ့ပါတယ်။