The network connection is lost.

Banner Image

မန်စီးတီးဂိုးသမားကို မြင့်မားတဲ့တန်ကြေးနဲ့ကမ်းလှမ်းထားတဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုရဲ့အယ်လ်နာဆာ အသင်းဟာ မန်စီးတီးဂိုးသမား အီဒါဆန်ကို ပေါင် ၅၁ သန်း + ၂ နှစ်စာချုပ် နဲ့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ အီဒါဆန်အနေနဲ့ အဆိုပါကမ်းလှမ်းမှုကို လက်ခံခဲ့ရင် အယ်လ်နာဆာက  ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့ ညှိနှိုင်းသွားဖွယ်ရှိနေပါတယ်။

အယ်လ်နာဆာဟာ လက်ရှိဂိုးသမား အော့စ်ပင်နာနေရာမှာ အစားထိုးချင်နေပြီး ကိုလံဘီယာသားက စာချုပ်သက်တမ်းကုန်ဆုံးဖို့နီးစပ်နေတာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် အယ်လ်နာဆာအသင်းက အီဒါဆန်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာဘက်ကတော့ သူတို့ရဲ့အဓိကဂိုးသမားကို လက်မလွှတ်ချင်ဖြစ်နေပြီး ဘင်ဖီကာကနေ ၂၀၁၇ တုန်းကပြောင်းလာပြီးနောက် ဘရာဇီးသားဟာ အသင်းရဲ့အရေးပါတဲ့ဂိုးသမားအဖြစ် ပါဝင်နေပါတယ်။ စီးတီးဘက်ကတော့ သူတို့ဂိုးသမားအတွက် ပေါင် ၃၄ သန်းထက်နည်းပါးတဲ့တန်ကြေးမျိုးကို လက်ခံမှာမဟုတ်ဘူးလို့ သတင်းတွေက ဆိုပါတယ်။ အခြားတစ်ဖက်မှာလည်း မန်စီးတီးအနေနဲ့ အီဒါဆန်သာ ထွက်ခွာခဲ့ရင် နောက်ထပ်ထိပ်တန်းဂိုးသမားတစ်ဦးနဲ့ အစားထိုးဖို့ ခက်ခဲနိုင်တာဖြစ်ပါတယ်။

အယ်လ်နာဆာဘက်ကတော့ စီးတီးဂိုးသမားကို ခေါ်ယူဖို့ အဆင်မပြေခဲ့ရင် ဗီလာဂိုးသမား မာတီနက်ဇ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။ အယ်လ်နာဆာရဲ့ အီဒါဆန်အတွက် ကမ်းလှမ်းမှုက လုံလောက်နေပြီး ကစားသမားဘက်က စီးတီးမှာဆက်နေမလား အသင်းကနေထွက်ခွာမှာမလားဆိုတာ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။