
ယူနိုက်တက်သို့ ရောက်ရှိပြီးနောက် နစ္စတယ်ရွိုင်းကို ပယ်ချခဲ့တဲ့အကြောင်း ရှင်းပြလိုက်တဲ့ အာမိုရင်
နစ္စတယ်ရွိုင်းကို အစောပိုင်းမှာ တန်ဟက်ရဲ့ နည်းပြအဖွဲ့အဖြစ် ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့ပေမယ့် နယ်သာလန်သားနည်းပြဟာ ရာထူးကနေ ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့ တောင်းဆိုခံခဲ့ရပါတယ်။ နစ္စတယ်ရွိုင်း ရဲ့ ဦးဆောင်မှုအောက်မှာ ယူနိုက်တက်ဟာ လေးပွဲအထိ ရှုံးနိမ့်မှုမရှိခဲ့ပါဘူး။ ကာရာဘောင် နဲ့ ပရီးမီးယားလိဂ်မှာ လက်စတာ ကို အနိုင်ရခဲ့ပြီး ယူရိုပါလိဂ်မှာ PAOK ကို အနိုင်ရခဲ့ကာ ချဲလ်ဆီး နဲ့ ၁-၁ ဂိုး သရေကျခဲ့ပါတယ်။
ဒါပေမယ့် အာမိုရင် က အိုးထရက်ဖို့ဒ် ကို နိုဝင်ဘာလမှာ ရောက်ရှိလာပြီးနောက် နစ္စတယ်ရွိုင်း ကို ဆက်လက်ထားရှိခြင်းမရှိဘဲ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ရပြီး နှစ်ပတ်ကျော်အကြာမှာတော့ လက်စတာရဲ့နည်းပြအဖြစ် ပြောင်းရွှေ့သွားခဲ့ပါတယ်။
"ဒါဟာ ခက်ခဲတဲ့အခြေအနေမဟုတ်ပါဘူ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်အတွက် အရမ်းရှင်းနေလို့ပါ။ ကျွန်တော်က ရှင်းပြဖို့ပဲလိုပါတယ်" "ဒါဟာ တကယ့်ကို ရိုးရှင်းပါတယ်၊ သူလည်း နားလည်ပါတယ်။ သူဟာ ဘောလုံးလောကရဲ့လူတစ်ယောက်ပါ။ ဒီအခြေအနေကို သူနားလည်ပါတယ်။ ကျွန်တော့်မှာ ကျွန်တော့်အဖွဲ့ရှိပါတယ်၊ ကျွန်တော်က ရုဒ် ကို ထားနိုင်တယ်၊ ဘာလို့လဲဆိုတော့ ဒါဟာ ကျွန်တော့်အတွက် ကောင်းတဲ့အရာဖြစ်ပြီး၊ လူကြိုက်များတဲ့အရာဖြစ်လို့ပါ။ ဒါပေမယ့် ကျွန်တော်က ရုဒ် ကို ကျွန်တော့်လူတွေရဲ့အရှေ့မှာ လက်ထောက်အဖြစ် ဘယ်လိုမှ မထားနိုင်ပါဘူး"
"ပြီးတော့ ကျွန်တော်က ရုဒ် လိုလူမျိုးကို ကျွန်တော့်နည်းပြအဖွဲ့ရဲ့ လက်ထောက်အဆင့်မှာ ထားရမှာပါ။ ဒါဟာ ရုဒ် အတွက် မမျှတဘူးလို့ ကျွန်တော်ထင်တယ်။ ရုဒ် ကို လေးစားမှုပြဖို့ ကျွန်တော်က သူ့ကို အရမ်းရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်။ ကျွန်တော့်မှာ ကျွန်တော့်အဖွဲ့ရှိတယ်၊ ကျွန်တော်က ဒီလိုပဲ ဆက်လုပ်သွားမယ်လို့ ပြောခဲ့တယ်"
"ကျွန်တော်က ရုဒ် လို ဒီကလပ်ရဲ့ ဂန္တတတစ်ယောက်ကို နည်းပြအဖွဲ့ရဲ့ နောက်ဆုံးအဆင့်မှာ ထားမှာမဟုတ်ဘူး။ ဒါကြောင့် ဒါဟာ ရှင်းလင်းတဲ့ဆုံးဖြတ်ချက်ပါ။ ရှင်းပြဖို့အတွက် အရမ်းရိုးရှင်းပြီး သူက ဂုဏ်သိက္ခာရှိရှိနဲ့ လက်ခံခဲ့ပါတယ်" လို့ အမ်မိုရင် က ပြောခဲ့ပါတယ်။
နစ္စတယ်ရွိုင်း ကို သူ့နည်းပြအဖွဲ့မှာ ထည့်သွင်းဖို့ အရေးကြီးတယ်လို့ ခံစားရသလားလို့ မေးမြန်းခံရတဲ့အခါ အမ်မိုရင် က "မဟုတ်ပါဘူး" လို့ ဖြေခဲ့ပါတယ်။ "နည်းပြတစ်ယောက်အနေနဲ့ အရေးအကြီးဆုံးက ကစားချင်တဲ့ပုံစံကို နားလည်တဲ့ သင့်မှာရှိတဲ့စံနှုန်းတွေကို နားလည်တဲ့ နည်းပြအဖွဲ့ရှိဖို့ပါ"
"ကျွန်တော်က စံနှုန်းတွေလို့ ပြောတဲ့အခါ ရုဒ် မှာ ဒါမရှိဘူးလို့ မဆိုလိုပါဘူး။ သူဟာ ဒီကလပ်ရဲ့ ဂန္တဝင်တစ်ယောက်ပါ။ အနိုင်ရဖို့ ဘာလိုအပ်တယ်ဆိုတာ သူသိပါတယ်၊ ဒါပေမယ့် ကျွန်တော်က ကျွန်တော့်ကို ဒီကိုခေါ်လာတဲ့အဖွဲ့နဲ့ပဲ အလုပ်လုပ်ဖို့ ပိုနှစ်သက်ပါတယ်"
"ဒါဟာ ကျွန်တော့်အတွက် ကျွန်တော့်အယူအဆတွေကို နားလည်ဖို့၊ ကစားသမားတွေကို အတူတူပဲ ရှင်းပြဖို့ အရေးကြီးတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကို ချခဲ့တာပါ။ ကျွန်တော်က ဘယ်ကလပ်ဖြစ်ဖြစ် ဘယ်လိုအနိုင်ရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီလိုအချိန်တွေမှာ အတွေ့အကြုံရှိတဲ့လူတွေ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လမ်းမပျောက်ပါဘူး ဒါမှမဟုတ် နည်းပြအဖွဲ့မှာ တစ်ခုခုလိုနေတယ်လို့ မခံစားရဘူး။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ပိုကောင်းအောင် လုပ်ဖို့ပဲ လိုတာပါ" လို့ အာမိုရင်က ပြောပါတယ်။