The network connection is lost.

Banner Image

ရော်နယ်ဒိုအပြောင်းအရွှေ့အကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အယ်လ်ဟီလယ်အမှုဆောင်

အယ်လ်-ဟီလယ်အမှုဆောင် အက်စ်တီဗီကတော့ ရော်နယ်ဒိုအပြောင်းအရွှေ့ဟာ ဘယ်တုန်းကမှမဖြစ်လာခဲ့ဘူးလို့ ရှင်းပြလိုက်ပါတယ်။ ပေါ်တူဂီစတားဟာ ကလပ်ကမ္ဘာ့ဖလားနီးကပ်လာချိန်မှာ အပြောငးအရွှေ့အတွက် သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာနဲ့စာချုပ်အဆင်မပြေသေးချိန် ရော်နယ်ဒိုကို ဆော်ဒီလိဂ်ကလပ်တွေအပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ အဆုံးသတ်မှာတော့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ပဲ ရော်နယ်ဒိုတစ်ယောက် ဇနီးသည် ၊ ကလေးတွေနဲ့အတူ နွေရာသီအားလပ်ရက်ကို ဖြတ်သန်းနေခဲ့တာဖြစ်ပါတယ်။

အယ်လ်-ဟီလယ်အသင်းဘက်ကလည်း အခုချိန်မှာ ရော်နယ်ဒိုဟာ သူတို့အသင်းရေဒါထဲမှာ ဘယ်တုန်းကမှမပါဝင်ခဲ့ဘူးလို့ ပြောကြားလာခဲ့ပါတယ်။ ဘီဘီစီနဲ့အင်တာဗျူးမှာ အယ်လ်-ဟီလယ်အမှုဆောင် အက်စ်တီဗီက “ကျွန်တော်တို့ သာမန်အားဖြင့် ကစားသမားတွေရဲ့အခြေအနေကို မှတ်ချက်ပေးလေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လိုချင်တဲ့ကစားသမားတွေအတွက် နာမည်စာရင်းရှိပြီးသားပါ။

ကစားသမားတစ်ဦးရဲ့အေးဂျင့်ပိုကောင်းတဲ့အပြောင်းအရွှေ့လိုချင်တာ ဒါမှမဟုတ် အသင်းကနေထွက်ခွာချင်တာမျိုးရှိတတ်ပါတယ်။  အဲ့တာက တကယ့်ကိုထူးဆန်းတဲ့အပြောင်းအရွှေ့ပါ။ ပြီးတော့ အရမ်းကိုမှလည်း တိုတောင်းပါတယ်။ ခင်ဗျားအနေနဲ့ ဒီပြိုင်ပွဲအတွက်တွေးပြီး ဆုံးဖြတ်တာမျိုးလုပ်မယ်မထင်ပါဘူး။ အဲ့နောက် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်လောက် ဆက်သွားရမှာပါ။

ရော်နယ်ဒိုကို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးအနေနဲ့ လေးစားသလို အသိအမှတ်လည်းပြုပါတယ်။ သေချာတာက ခင်ဗျားအနေနဲ့ ပြိုင်ဘက်ကစားသမားတစ်ဦးကိုခေါ်ယူဖို့ လုပ်ဆောင်ရမှာပါ။ တကယ်လို့ ကျွန်တော်တို့ အသင်းလူအင်အားဖြည့်တင်းမယ်ဆိုရင် ကြိုးစားမှာပါ။ ဒါပေမယ့် တစ်ချို့ကစားသမားတွေရဲ့စိတ်ထဲမှာက အားလပ်ရက်အတွက် ပြင်ဆင်ပြီးသားပါ။

တစ်ချို့ကစားသမားတွေဆိုရင် ငွေကြေးအများကြီးတောင်းဆိုပါလိမ့်မယ်။ ကျွန်တော်တို့အသင်းအတွက် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်တယ်ဆိုတာ သတိထားမိပါတယ်။ ပြိုင်ပွဲအပြီး ကြီးမားတဲ့ရည်မှန်းချက်နဲ့အတူ ကျွန်တော်တို့ သာမန်အပြောင်းအရွှေ့အတိုင်းတော့ လုပ်ဆောင်မှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မပါဝင်ချင်သလို လက်ရှိမှာလည်း နိုင်ငံအသင်းနဲ့အတူ နေးရှင်းလိဂ်ရပြီးနောက် အယ်လ်နာဆာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။