ရီးရဲလ်မက်ဒရစ်ရဲ့ရေဒါစက်ကွင်းထဲ ရောက်ရှိလာတဲ့ စီရော်နယ်ဒိုဂျူနီယာ
စီရော်နယ်ဒိုဂျူနီယာက ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းချိန် အထင်ကြီးလောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့လို့ စီရော်နယ်ဒိုအတွက် သူ့ရဲ့သားဖြစ်သူနဲ့တွဲဖက်ကစားချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ပိုမိုနီးစပ်လာတယ်လို့ သိရပါတယ်။
မက်ဒရစ်အခြေစိုက်ကလပ်အသင်းနည်းပြတွေရဲ့အာရုံစိုက်မှုကို ရရှိခဲ့ပေမဲ့ အသက် ၁၅ နှစ်အရွယ် စီရော်နယ်ဒိုဂျူနီယာက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမတိုင်ခင် စပိန်ကို အပြီးသတ်ပြောင်းရွှေ့ဖို့ မရှိသေးပါဘူး။ အဲဒီအစား စီရော်နယ်ဒိုဂျူနီယာက နည်းပြဂျော့ဂျ်ဂျေးဆပ်ကိုင်တွယ်နေတဲ့ အယ်လ်နာဆာစီနီယာအသင်းနဲ့အတူ ရာသီကြိုလေ့ကျင့်ခန်းတွေမှာ ပူးပေါင်းသွားနိုင်ခြေ ရှိတယ်လို့ O JOGO သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။
လတ်တလောမှာ ပေါ်တူဂီ ယူ-၁၆ အသင်းအတွက် ဂိုးသွင်းယူပေးထားနိုင်တဲ့ ဒီလူငယ်ကစားသမားလေးကို ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်တို့လို ဥရောပထိပ်တန်းကလပ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။
ဒါပေမဲ့ လတ်တလောမှာတော့ သူ့ရဲ့အနာဂတ်က ဆော်ဒီမှာပဲ ဆက်ရှိနေဦးမယ်လို့ သိရပါတယ်။