The network connection is lost.

Banner Image

လီဗာပူးရဲ့စာချုပ်သစ်ငြင်းပယ်မှုကြောင့် စိတ်ထိခိုက်ရတယ်လို့ မက်အယ်လစ္စတာ ဖွင့်ဟ

လီဗာပူးကွင်းလယ်ကစားသမားမက်အယ်လစ္စတာက ယမန်နှစ်ဘောလုံးရာသီအတွင်း သူ့အတွက် အသင်းမှာ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ အစီအစဉ်မရှိဘူးဆိုတာကို သိလာရပြီးနောက် စိတ်ထိခိုက်နာကျင်ခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အနာဂတ်နဲ့ပတ်သက်လို့ မရေမရာဖြစ်နေပေမဲ့ ၂၀၂၈ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် အာဂျင်တီးနားလက်ရွေးစင်ကစားသမားက အန်ဖီးလ်မှာပဲ ဆက်ရှိနေဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။

မက်အယ်လစ္စတာက အခုဘောလုံးရာသီ၊ အီရာအိုလာရဲ့လက်အောက်မှာ အထင်ကြီးစရာ ခြေစွမ်းပြသနေပြီး ချန်ပီယံလိဂ်သွင်းဂိုး ၃ ဂိုး အပါအဝင် စုစုပေါင်း ၄ ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်ပေးထားပါတယ်။

လတ်တလောအပြောင်းအလဲတွေကြောင့် စာချုပ်သစ်ဆွေးနွေးမှုတွေ ပြန်လည်စတင်လာနိုင်မယ်လို့ သူက ယုံကြည်နေပါတယ်။

အာဂျင်တီးနားဂျာနယ်လစ်ဂတ်စတွန်အီဒူးဆီ မက်အယ်လစ္စတာက "ပထမဆုံးပြောရရင် ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ကျွန်တော် အပြည့်အ၀ခံစားရပြီး ဒါက ကျွန်တော့်အတွက် မယုံကြည်နိုင်စရာ ကောင်းလွန်းပါတယ်။ လီဗာပူးလိုကလပ်အသင်းမျိုးမှာ အသိအမှတ်ပြုအလေးထားခံရဖို့ဆိုတာ သိပ်မလွယ်ကူပါဘူး" လို့ ပြောပါတယ်။

"ကျွန်တော် ဒါကို အလွန်ပျော်မွေ့မိသလို ဒီကလပ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာက ပရိသတ်တွေအတွက် ဘယ်တော့မှမေ့မှာမဟုတ်တဲ့ အရမ်းထူးခြားတဲ့ အရာတစ်ခုပါပဲ။ လက်ရှိမှာတော့ ကျွန်တော့်ရဲ့စာချုပ်သက်တမ်းက တစ်နှစ်ခွဲလောက်သာ ကျန်ရှိပါတော့တယ်"

"ပြီးခဲ့တဲ့ရာသီမှာ အနည်းဆုံးတော့ လောလောဆယ် စာချုပ်သစ်မချုပ်ဆိုဖို့ ကလပ်အသင်းဘက်က စဉ်းစားထားတယ်လို့ ကျွန်တော့်ကို ပြောခဲ့ကြပါတယ်။ ဒါက သေချာပေါက် စိတ်ထိခိုက်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။