The network connection is lost.

Banner Image

ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲမှုရလဒ် ထွက်ပေါ်

ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်တွေအတွက် မဲခွဲမှုရလဒ် ထွက်ပေါ်လာပြီး စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်အဖြစ် ဒဏ္ဍာရီဆန်ဆန် ခြေစွမ်းပြနေတဲ့ ဖလက်ဝုဒ်တောင်းနဲ့ အခုညမှာယှဉ်ပြိုင်ကစားမယ့် အဲဗာတန် vs နယူးကာဆယ်ပွဲစဉ်မှ အနိုင်ရရှိတဲ့အသင်းတို့ ထိပ်တိုက်တွေ့ဆုံသွားပါတော့မယ်။

တခြားပွဲစဉ်တွေမှာတော့ လီဗာပူးက ဘုန်းမောက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ရှိနေလို့ အီရာအိုလာအတွက် အသင်းဟောင်းနဲ့ပြန်လည်ရင်ဆိုင်ရဖို့ရှိသလို လက်ရှိချန်ပီယံမန်စီးတီးက ၂၀၁၃ ခုနှစ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ဖူးတဲ့ ဘရက်ဒ်ဖို့စီးတီးကို ဧည့်ခံကစားသွားရပါမယ်။ နောက်ထပ်ပွဲစဉ်မှာတော့ ခရစ္စတယ်ပဲလေ့စ်နဲ့ ဆန်းဒါးလန်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

မဲခွဲမှုရလဒ်အပြည့်အစုံမှာ -
ဖလိဝုဒ်တောင်း vs အဲဗာတန်/နယူးကာဆယ်
လီဗာပူး vs ဘုန်းမောက်
ခရစ္စတယ်ပဲလေ့စ် vs ဆန်းဒါးလန်း
မန်စီးတီး vs ဘရက်ဒ်ဖို့ဒ်

ဒီပွဲစဉ်တွေကိုတော့ ဒီဇင်ဘာ ၁၄ ရက်နဲ့စတင်မယ့် သီတင်းပတ်အတွင်း ယှဉ်ပြိုင်ကစားသွားကြပါလိမ့်မယ်။