The network connection is lost.

Banner Image

တစ်ယောက်လျော့ ဘရန့်ဖို့ဒ်ကို အနိုင်ယူကာ ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့ လီဗာပူး

ဘရန့်ဖို့ဒ် ၁ - ၂ လီဗာပူး (ပွဲပြီးရလဒ်)

လီဗာပူးအသင်းက ခြေစွမ်းပိုင်း အားရစရာမရှိခဲ့ပေမဲ့ ဒုတိယပိုင်း comebackနဲ့အတူ ဘရန့်ဖို့ဒ်ကို အနိုင်ယူကာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကနေ ပြန်လည်ရုန်းထနိုင်ခဲ့ပါတယ်။

ဘရန့်ဖို့ဒ်က ဦးဆောင်ဂိုးစရခဲ့ပေမဲ့ ယာမိုလုခ် အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာကြောင့် ဒုတိယပိုင်းကို ၁၀ယောက်တည်းနဲ့ကစားခဲ့ရပါတယ်။

လီဗာပူးအသင်းက ဒီထက်ဂိုးပြတ်နိုင်တဲ့ အခွင့်အရေးအများအပြားရခဲ့ပေမဲ့ ဘာကိုလာရဲ့အဆုံးသတ်ပိုင်း အားနည်းလွန်းတာကြောင့် ဒီရလဒ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။